"အဲ့အမြှီးကြီးကိုသိပ်လိုချင်သလား အဘ"
မောင်ခင်နှင့်ခင်ခင်ပျို၏တိုက်ပွဲသည်ပြင်းထန်လှသည်။
လူအများကဘေးပတ်ပတ်လည်တွင်ရှိကြသော်လည်း မောင်ခင်နှင့်ခင်ခင်ပျိုမှာမသိလျှင်သူတို့နှစ်ယောက်တည်းရှိသည့်သဖွယ်။"လိုချင်တာမှတစ်ပိုင်းကိုသေလို့ ကျေနပ်ပြီလား"
မောင်ခင်၏စကားအဆုံးမှာခင်ခင်ပျိုသည်မျက်လုံးအစုံကိုပိတ်ကာအလိုမကျစွာပင်အကြည့်လွဲပစ်သည်။ မောင်ခင်သည်လည်း ခင်ခင်ပျို၏ဘေးမှာရှိတဲ့နွယ့်ကိုစိုက်ကာကြည့်လေသည်။
"နှစ်ခွန်းမပြောဘူး နွယ် ငါ့သမီးဘွဲ့မရမချင်း ဒီမင်္ဂလာပွဲကိုဘယ်လိုနည်းနဲ့မှမကျင်းပနိုင်ဘူး"
လိုချင်သည့်အရာကိုအပြတ်ပြောလိုက်သည့်မောင်ခင်ကြောင့် ဘေးမှလူကြီးများကလှုပ်လှုပ်ရှားရှားဖြစ်လာသည်။
ခင်ခင်ပျိုပြောသည့်အမြှီးဆိုသည်မှာဤဘွဲ့လက်မှတ်ပင်ဖြစ်သည်။မမနွယ်က ဘွဲ့များတန်းစီကာရထားသည့်အပြင် ထိုဘွဲ့များကလည်း နိုင်ငံခြားမှရခဲ့သည့်ဘွဲ့များဖြစ်သည့်အခါ ပညာရေးတွင် တစ်ဝက်တစ်ပျက်ဖြစ်နေသည့်ခင်ခင်ပျိုသည် မမနွယ်နှင့်မလိုက်ဖက်လှချေ။
ဒါကိုဘယ်သူကမှဂရုမစိုက် ကာယကံရှင်ဖြစ်တဲ့မမနွယ်နဲ့ခင်ခင်ပျိုတောင်အရေးမထားပေမယ့် မောင်ခင်
တစ်ယောက်ကတော့ ဤဘွဲ့လက်မှတ်ကိုအသည်းအသန်
ဖြစ်နေလေသည်။တစ်ဦးတည်းသောသမီးလေးရဲ့လက်ထပ်ပွဲဖိတ်စာမှာ
နွယ့်နာမည်နောက်မှာကျဘွဲ့တွေတစ်သီတစ်တန်းရေးထားပြီး ခင်ခင်ပျိုလေး၏အမည်နောက်မှာကျဘွဲ့မပါတာမျိုးမဖြစ်ချင်ဘူးဆိုကာ လာရောက်တောင်းရမ်းတဲ့နေ့မှာပင် ပြတ်ပြတ်သားသားငြင်းဆိုပြီး ကျောင်းပြန်တက်ခိုင်းလေသည်။ခေါင်းမာလွန်းသည့်မောင်ခင်အားမည်သူကမှဖျောင်းဖျမရသည့်အဆုံး အလိုလိုက်ဖို့သာပြင်ပေမယ့် ကျောင်းပြန်တက်ရမည့်ခင်ခင်ပျိုသည် ကျောင်းစာကိုအတော်လေးစိတ်ဝင်စားနေသည့်အခါ စစ်ဖြစ်လေသည်။
"သေချာလား အဘ သိပ်ကိုသေချာသလား"
"ဘူးဆိုဖရုံမသိဘူး သိပ်ကိုသေချာတယ်"
DU LIEST GERADE
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့