ဆိုလ်းရဲ့ နံနက်ခင်း၌ နှင်းပွင့်လေးများနှင့် လှပနေသည်။လမ်းဘေးဝဲယာ၌ လုပ်ငန်းခွင်ဝင်မည့်သူများ၊ကျောင်းသားများ စသည်ဖြင့် လူတန်းစားမျိုးစုံ ဖြင့် ပျားပန်းခတ်မျှ စည်ကားနေသည်။ဘတ်စ်ကားများကလည်း တစ်စီးတစ်စီး ကားဂိတ်၌ စောင့်နေသော သူများအား
အပြည့်တင်သွားသော်လည်း ကားစောင့်နေသောလူများက လျော့မသွားပေ။
ထို့အတူ ပလက်ဖောင်း၌ လမ်းလျှောက်နေသောသူများကလည်း တစ်ယောက်နဲ့တစ်ယောက်တွန်းတိုက်ကာ ပြေးလွှားသွားလာနေကြသည်။
ထိုလူအများက တစ်ယောက်သောသူကို
ထူးထူးဆန်းဆန်းကြည့်ပြီး ဖြတ်လျှောက်သွားနေကြသည်။ ထိုသူကား ကြည့်နေသောလူများအား ဂရုစိုက်ပုံပင်မရ။ ဖုန်းနဲ့မျက်နှာကော်ကပ်ထားသလို ဖုန်းကိုပဲအာရုံစိုက်ကာလမ်းလျှောက်နေသည်။ မျက်ရည်များလည်းကျကာ တစ်ယောက်တည်းစကားများကလည်းပြောနေသည်။"fuck ဒီလိုမှန်းသိရင် ငါဒီဟာကိုမဖတ်ပါဘူး
အရင်လို နောက်ဆုံးအခန်းကျော်ကြည့်ပြီးမှ ဖတ်လိုက်ရမှာ အခုမှလျှာရှည်ပြီး အစကနေစဖတ်မိတာ ငါးပါးကိုမှောက်ရောပဲ အီး...ဟီး..."စပ်စုချင်သောသူများအတွက်တော့ ဒီကောင်လေးက ကြည့်ချင်စရာဖြစ်နေသည်။ ဆံပင်စုတ်ဖွားနဲ့ အင်္ကျီပွပွနဲ့ဘောင်းဘီပွပွကြီးဝတ်ပြီး လမ်းလျှောက်ရင်းငိုနေသောကောင်လေးကြောင့်
အလျင်လိုနေသောသူများပင် ကောင်လေးကို သေသေချာချာကြည့်ပြီးမှ ဆက်ပြေးနေကြသည်။ ကောင်လေးကတော့ ရှက်ရမှန်းမသိ တစ်ယောက်တည်း အသံထွက်ကာ ဆက်ငိုနေသည်။"ဘာလို့များ မင်းသမီးတိုက်ပေါ်ကတွန်းချလို့ မင်းသားက သေရတာတုန်း မင်းသမီးကရော ဘာအငြိုးတွေရှိလို့ မင်းသားကို
ကြိုက်ဟန်ဆောင်ပြီးသေအောင်သတ်ပစ်တာတုန်း ဘယ်နှယ့် မင်းသမီးနဲ့ဗီလိန်ပေါင်းတာ
ဒီတစ်ခါပဲမြင်ဖူးတယ် မင်းသားခမျာသနားပါတယ် မင်းသမီးသူ့ကို တကယ်ချစ်တယ်ထင်ပြီး
အကုန်လုပ်ပေးရတာ အဲ့မိန်းမကြောင့်
ကျောင်းမှာသူများနှိပ်စက်တာလည်း ခံရသေးတယ် အဲ့မိန်းမ ရုပ်လေးဘန်းပြပြီး လုပ်စားသွားတာ စကားပြောတော့လဲချွဲတိချွဲပက်နဲ့ ငါသာမင်းသားနေရာမှာဆို လှည့်ကိုကြည့်မှာမဟုတ်ဘူး အီး...ဟီး သူ့ကြောင့်ငါ့မင်းသားသေတာ"
YOU ARE READING
When I Become The Main Lead In Fic
Fanfictionကောင်လေးတစ်ယောက် ကားတိုက်ပြီး ဖတ်နေတဲ့ficထဲရောက်သွားသောအခါ~~~~~~~~~~~~ သူ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ?? ficထဲကအတိုင်း ဆိုးရွားစွာ အဆုံးသတ်သွားမလား ကံကြမ္မာကို ရှောင်ရှားနိုင်မလားဆိုတာ............... start-25/9/2022 End -4/6/2024