အပိုင်း[၂၅]

384 29 5
                                    

နောက်တစ်နေ့ ဂျွန်အိပ်ယာနိုးတော့ နွေးထွေးနေတဲ့ ရင်ခွင်ထဲမှာ ရင်းနှီးနေတဲ့ကိုယ်သင်းနံ့နဲ့အတူ နိူးလာခဲ့သည်။ ဂျွန် jkရဲ့ တောင့်တင်းနေတဲ့ရင်အုပ်ထဲ ခေါင်းမှီကာ jkရဲ့လက်က ဂျွန့်
ကိုယ်လေးကို ပွေ့လို့နေခဲ့သည်။ ဂျွန်ခေါင်း
မော့ကြည့်တော့ မနိုးသေးတဲ့ ချောမောတဲ့
jkရဲ့မျက်နှာကို တွေ့လိုက်ရတော့ ဂျွန်ပြုံးလိုက်မိသည်။ မျက်နှာပေါ်ကျနေသော နေရောင်
ကြောင့် jkရဲ့မျက်နှာက တောက်ပနေကာ
ယောကျ်ားဆန်သော မျက်နှာကျကို သေချာထောက်ပံ့ပေးထားသည်။ jkမျက်နှာကို
ကြည့်နေရင်း jkရဲ့လက်နှစ်ဖက်က ဂျွန့်လက်မောင်းမှမပြီး အပေါ်ကို ဆွဲလိုက်ပေါ်
ကြောင့် ဂျွန်က jkအပေါ်ရောက်သွားကာ ရင်ဘတ်ချင်းထပ်ရက်ဖြစ်သွားတော့သည်။
မျက်နှာချင်း ထိလုနီးနီးဖြစ်နေ၍ jkရဲ့ ရှူထုတ်လိုက်သော လေငွေ့နွေးနွေးကိုပင် ခံစားမိနေသည်။

"ကိုယ့်ကို ဘာလို့ဒီလောက်စိုက်ကြည့်နေတာလဲ”

ဂျွန် ရုတ်တရက်ဖြစ်သွားသောကြောင့် ဘာမှမပြောနိုင်ပဲ jkမျက်နှာကိုသာ ကြည့်နေမိသည်။
jkက ဂျွန့်နှုတ်ခမ်းကို ဖွဖွလေးနမ်းလိုက်ပြီး
ဂျွန့်ပါးကို လက်နဲ့ပွတ်တော့ ဂျွန်မျက်လုံးမှိတ်ကာ jkလက်ပေါ် မှီလိုက်မိသည်။ jkက ဂျွန့်ပုံစံကို
ကြည့်ကာ ရယ်လိုက်ပြီး

"ကိုယ့်လက်က မင်းမှီဖို့လုပ်ထားတဲ့အတိုင်းပဲ ကွက်တိပဲနော်”
"အင်း”

jkပြောသည့်အတိုင်းပင် jkရဲ့ ကြီးမားတဲ့လက်ဖဝါးက ဂျွန့်မျက်နှာနဲ့ ကွက်တိနီးနီးပင်။
ဂျွန်မျက်လုံးကိုမဖွင့်သေးဘဲ လေသံတိုးတိုးဖြင့်
ဖြေကာ ခေါင်းကိုညိမ့်လိုက်မိသည်။

"ok အခု အိပ်ယာထိချိန်ရောက်ပြီ ကိုယ်တို့သွားစရာရှိတယ်”
"ဘယ်သွားမလို့လဲ ဒီနေ့ကျောင်းပိတ်တာ အိမ်မှာပဲနေမှာမဟုတ်ဘူးလား”

jkက ဂျွန့်ပါးအိအိလေးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ညှစ်ပြီး

"ဒီနေ့ကျောင်းပိတ်လို့ အပြင်သွားရမှာပေါ့”

jkက ဂျွန့်ပါးကို တော်တော်နဲ့မလွှတ်သေးပဲ
ဆက်ညှစ်ထားသဖြင့် ဂျွန်ရဲ့လက်နှစ်ဖက်နဲ့ ဆွဲဖယ်ကာ ပါးကို လက်နဲ့အုပ်ထားလိုက်ပြီး
ထိုင်နေလိုက်သည်။

When I Become The Main Lead In FicWhere stories live. Discover now