"jung…jungkook”
jungkook ဂျွန့်ဘက်ကိုလှည့်လိုက်တော့ ဂျွန်က အင်္ကျီအစွန်းကို ဆွဲဆွဲချနေသည်ကိုတွေ့ရသည်။ ဂျွန်ပုံစံက မျက်လုံးလေးများဝိုင်းကာ မျက်နှာက နီရဲနေပြီး အခန်းထောင့်မှာ ကပ်နေပုံက မုဆိုးလက်ထဲ မိတော့မည့် သားကောင်ပုံသဏ္ဍာန်နဲ့ပင် တူနေသေးသည်။ jungkookပေးတဲ့တီရှပ်က
ကြီးသဖြင့် ဂျွန့်ရဲ့လည်တိုင်ကျော့ကျော့ကနေ
ပုခုံးတစ်ဖက်ပေါ်သိသည်အထိ လျောကျနေသည်။ ပေါ်နေသော collar-boneက အမှတ်အသားတွေ ပေးအောင် ဖိတ်ခေါ်နေ
သယောင်ပင်။ တီရှပ်က ဂျွန့်ရဲ့ပေါင်လယ်ထိ
ဖြစ်ကာ အမွှေးအမျှင်များမရှိပဲ ချောမွတ်နေသော ပေါင်တံသွယ်သွယ်လေးက ဆွဲဆောင်မှုရှိလွန်းလှသည်။ jungkook နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး ဂျွန့်ဆီလျှောက်သွားကာ
လက်တစ်ဖက်ဖြင့် ခါးကို ဆွဲလိုက်သဖြင့်
နှစ်ယောက်သားရင်ချင်းကပ်လျက်ဖြစ်သွားရသည်။ သို့သော် jungkookရင်အုပ်ပေါ်ကို ဂျွန့်ရဲ့ လက်နှစ်ဖက်ဖြင့် နှစ်ယောက်သားနည်းနည်းခွာနေစေရန် ကြိုးစားပြီး တွန်းထားရသည်။"jung…jungkook ဒီထဲ ဘာလုပ်ဖို့လိုက်ဝင်လာတာလဲ ငါ…ငါ အဝတ်အစားပြန်…ပြန်လဲလိုက်ဦးမယ် အခုပြန်…ချက်ခြင်းပြန်ထွက်ပေး”
ဂျွန် စကားထစ်ထစ်အအဖြင့် ပြောလာတော့ jungkook မထိတထိပြုံးလိုက်ပြီး
"မင်းနဲ့သူက ဘယ်လိုပတ်သတ်တာလဲ”
ဂျွန် jungkookအမေးကို နားမလည်စွာနဲ့
ခေါင်းကိုစောင်းလိုက်ပြီး စဥ်းစားကာ"သူ…သူက ဘယ်သူတုန်း jungkook”
"ငါ jacksonကို ပြောနေတာ နမ်ဂျွန် မင်းဒီဟာလေးမေးတာကို မသိလောက်အောင်
အတာလား”jungkookက အော်လိုက်သဖြင့် ဂျွန့်ကိုလေးတွန့်သွားကာ မျက်ရည်ကျချင်လာသည်။ ဂျွန်ပုံစံက ဘာမှမသိသလို ရိုးသားလွန်းသဖြင့် jk
အော်လိုက်မိတာတောင် စိတ်မကောင်းဖြစ်မိသည်။ ဂျွန်မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး မျက်ရည်ကျမလာအောင်
သိမ်းဆည်းကာ"ဂျွန်…ဂျွန်နဲ့သူက သူငယ်ချင်းတွေပါ”
"မင်း တကယ်ပြောတာလား”ဂျွန်ကတော့ သူငယ်ချင်းလို့ပြောပေမယ့် ဂျွန့်ကို ကြည့်တဲ့ jacksonရဲ့ အကြည့်ကို jungkookမကြိုက်ပေ။ဂျွန်ခေါင်းကို မြန်မြန်ငြိမ့်ပြလိုက်ကာ
![](https://img.wattpad.com/cover/322290562-288-k514023.jpg)
YOU ARE READING
When I Become The Main Lead In Fic
Fanfictionကောင်လေးတစ်ယောက် ကားတိုက်ပြီး ဖတ်နေတဲ့ficထဲရောက်သွားသောအခါ~~~~~~~~~~~~ သူ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ?? ficထဲကအတိုင်း ဆိုးရွားစွာ အဆုံးသတ်သွားမလား ကံကြမ္မာကို ရှောင်ရှားနိုင်မလားဆိုတာ............... start-25/9/2022 End -4/6/2024