အပိုင်း[၁၃]

327 30 7
                                    

"jung...jungkook"

ဂျွန်ရဲ့ တအံံ့တသြဖြစ်ကာ သွေးမရှိတဲ့မျက်နှာကို ကြည့်ပြီး ကျေနပ်ကာ jungkookမထိတထိပြုံးမိလိုက်သည်။  ဒါ သူလိုချင်တဲ့ နမ်ဂျွန်ရဲ့တုံ့ပြန်မှုပဲလေ

"မင်း...မင်းဒီကို ဘာလာလုပ်တာလဲ ပြီး...ပြီးတော့ ဒီလူဆိုးနဲ့တူတဲ့သူတွေကရော ဘာတွေလဲ"

jungkookက သဘောကျစွာရယ်လိုက်ပြီး

"နမ်ဂျွန် ငါကရော သူတို့နဲ့မတူဘူးလား"

ဂျွန် jkကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်မိသည်။ jkလည်း တီရှပ်အမဲနဲ့ဂျင်းဘောင်းဘီ နက်ပြာကို ဝတ်ဆင်ထားသည်။ တီရှပ်က လက်တိုဖြစ်သ
ဖြင့် jkရဲ့တတ်တူးအပြည့်ထိုးထားသော
လက်ကို ဆွဲဆောင်မှုရှိစွာ မြင်နေရသည်။

OMG ဆွဲ…ဆွဲဆောင်မှု shit…

ဂျွန် ခေါင်းရမ်းလိုက်ပြီး

"ဒါ…ဒါဆို…မင်း...မင်းက သူတို့ခေါင်းဆောင်ပေါ့"

jungkookရဲ့ရယ်သံကို ထပ်ကြားလိုက်ရတော့
ဂျွန်ကြက်သီးမွှေးညှင်းများပင်ထသွားရသည်။

"နမ်ဂျွန် မင်းမသိတာငါပြောပြမယ် ငါကျောင်းပြီးရင် ငါ့အဖေအလုပ်ကိုကူရတယ် ဘာအလုပ်တုန်း သိလား"

ဂျွန်ခေါင်းကို ခါရမ်းပြလိုက်တော့

"ငါ့တို့ဆီကို ဆပ်ရမယ့်အကြွေးတွေ
လိုက်တောင်းရတာပဲ"
"အဲ့...အဲ့တာ ငါ...ငါနဲ့ဘာဆိုင်တုန်း"
"မင်းနဲ့မဆိုင်ပေမယ့် မင့်အဒေါ်နဲ့ဆိုင်တယ်"
"အဒေါ် သူ...သူက ဘာပြောတာတုန်း"

ဂျွန်မေးတော့ အဒေါ်က မျက်နှာပျက်သွားပြီး

"အဒေါ်...အဒေါ်တို့ ပိုက်ဆံလိုလို့ သူတို့ဆီကနေ ချေးထားတာ အဲ့...အဲ့တာ အတိုးရော အရင်းရော ပြန်မဆပ်နိုင်လို့ သူ...သူတို့တွေရောက်လာတာ"
"အဲ့ဒီတော့…”

ဂျွန်သံသယဖြစ်စွာမေးလိုက်တော့

"သူ...သူတို့က အိမ်ပေါ်က ဆင်း...ဆင်းခိုင်းတယ်"
"ဘာ"

ဂျွန်ဒေါသထွက်စွာ အော်ပစ်လိုက်သည်။
သူ...သူတို့ကများ နမ်ဂျွန့်အိမ်မှာလာနေပြီးတော့ ရာရာစစ ဂျွန်ကလေးတည်းက မိဘတွေနဲ့အတူတူနေခဲ့တဲ့အိမ်ကိုများ အကြွေးအနေနဲ့လာပေးခိုင်းနေသေးတယ် (အရင်နမ်ဂျွန်ရဲ့ တချို့အမှတ်တရတွေ ကျန်နေသေးလို့ပါ)

When I Become The Main Lead In FicWhere stories live. Discover now