jk ကားကိုရပ်ဖို့လာတော့ ရှေ့၌ ရပ်ထားသော ကားမှ ဆင်းလာသော နမ်ဂျွန်ကို တွေ့လိုက်ရ
သဖြင့် ကားစတီယာတိုင်ကို တင်းတင်းကိုင်
ထားမိသည်ကိုပင် သတိမထားမိပေ။ နမ်ဂျွန်ကလည်း သူ့ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်ကို တွေ့ရသည်။ ထို့အပြင် jkကား
ပေါ်မှ ဆင်းလာသော jiyeonကို မြင်တော့ ညှိုးကျသွားသော ဂျွန်မျက်နှာလေးကို မြင်ပြီး
ဂျွန့်အနားပြေးသွားချင်စိတ်ကို မနည်းထိန်းထားရသည်။ထိုစဥ်jacksonက ဂျွန့်ခါးကို ပိုင်စိုးပိုင်နင်းဖက်ပြီး လှည့်ထွက်သွားသည်ကို တွေ့လိုက်ရသည်။
နမ်ဂျွန်မျက်နှာရဲသွားတော့ jkသဝန်တိုစိတ်တွေ
တဖွားဖွားဖြစ်ပေါ်လာသည်မှာ တားမရအောင်ပင်။ ဂျွန်ကတော့ သူ့ဘက်ကို လှည့်ပင်ကြည့်မသွားပဲ jacksonခေါ်တဲ့နောက် ချက်ခြင်းပင် လိုက်သွားသေးသည်။ ထွက်သွားတဲ့ ဂျွန့်ကို
ကြည့်နေတာနဲ့jiyeonသူ့ဘေးရောက်လာသည်
ကိုပင် မသိလိုက်ပေ။"kook တို့လည်း canteenသွားရအောင်လေ”
jiyeonက jkလက်ဆွဲပြီး canteenဘက်
သွားဖို့ပြင်သည်။ jk သူ့လက်ကို ဖယ်လိုက်ပြီး"ငါ မနက်စာမစားချင်ဘူး မင်းဟာမင်းပဲသွားလိုက်တော့”
jiyeonမျက်နှာပျက်သွားပြီး jkလက်ကို
ပြန်ဆွဲကာ"kookကလည်း လာပါ jiyeonဗိုက်ဆာလို့ပါဆို”
jiyeonရဲ့ ချစ်ဖို့ကောင်းအောင် ပြောခြင်းက
jk စိတ်မဝင်စားပဲ ဂျွန့်ဆီသာ စိတ်ရောက်နေသည်။ jiyeonလက်ကိုထပ်ဖယ်လိုက်ပြီး"sorry jiyeon ကိုယ့်ဘာသာပဲ သွားလိုက်တော့ ကို စာသင်ခန်းဘက်သွားနှင့်ပြီ”
jk jiyeonစကားကို နားထောင်မနေတော့ဘဲ စာသင်ခန်းဘက်မြန်မြန်ထွက်လာခဲ့သည်။ jiyeon ထွက်သွားသော jkကျောပြင်ကို မျက်စောင်းထိုးပြီး canteenဘက် ထွက်လာခဲ့လိုက်သည်။ ဒီနေ့ မနက်စာကို ကျောင်းရောက်မှ jkနဲ့အတူတူစားဖို့ ပြင်ပြီး မစားခဲ့ခြင်းပင်။ ဖြစ်ချင်တော့ ကားပါကင်ထိုးတဲ့နေရာတင်ပင်
ဟိုတစ်ယောက်နဲ့လာတွေ့နေသေးတယ်။
ဘေးမှာလည်း jacksonလည်း ပါလို့။နမ်ဂျွန်ဆိုတဲ့တစ်ယောက် နဂိုကတည်းက ယောက်ျားလေးတွေ ကြိုက်တာဆိုလည်း
သူ့ကို ဘာလို့အရင်တုန်းက သည်းသည်းလှုပ်ကြိုက်ခဲ့လည်းဆိုတာ စဥ်းစားမရ။ အခု
နမ်ဂျွန် jkကို ကြည့်တဲ့အကြည့်။ ဒီအကြည့်ကို
သူသိပ်သိတာပေါ့။ သေချာတယ် နမ်ဂျွန် jkကို ချစ်နေတာ။
YOU ARE READING
When I Become The Main Lead In Fic
Fanfictionကောင်လေးတစ်ယောက် ကားတိုက်ပြီး ဖတ်နေတဲ့ficထဲရောက်သွားသောအခါ~~~~~~~~~~~~ သူ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ?? ficထဲကအတိုင်း ဆိုးရွားစွာ အဆုံးသတ်သွားမလား ကံကြမ္မာကို ရှောင်ရှားနိုင်မလားဆိုတာ............... start-25/9/2022 End -4/6/2024