နောက်တစ်ပတ်ကျောင်းသွားတော့ ဂျွန်
jkနဲ့နောက်ဆုံးအတန်း၌သာ အတူတူထိုင်ဖြစ်သည်။အတန်းထဲက သူတွေလည်း
ဂျွန်နဲ့jkကို ကြည့်လိုက် jiyeonကိုကြည့်
လိုက်ဖြစ်နေကြသည်။ jiyeonက သူ့ကို
သနားစဖွယ် ကြည့်နေသော အကြည့်များကိုစိတ်တို၍ထင်သည်။ ဆရာဝင်မလာခင်ပဲ
အပြင်ထွက်သွားခဲ့သည်။ ဂျွန် jiyeonကို
ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။
jiyeonက jkကို တကယ်ကြိုက်နေသည့်ပုံပင်။ jiyeonရဲ့ jkအပေါ်ကြည့်သည့် အကြည့်တွေက ချစ်ခြင်းတွေပြည့်နှက်နေသလောက်
ဂျွန်နဲ့မျက်နှာချင်းဆိုင်သည့်အခါတိုင်း
ဂျွန့်တစ်ကိုယ်လုံးအေးစိမ့်သွားမိသည်။
သူမုန်းရင်လည်း မုန်းမှာပေါ့။ အခု သူ့အပိုင်လို့
ထင်ထားတဲ့သူက ဂျွန့်ဆီမှာလေ။jkနဲ့ဂျွန် နောက်ဆုံးခုံမှာအတူတူထိုင်ရင်း
ဆရာစာသင်တာကို ကြည့်နေကြသည်။
ဂျွန်က စာကို တစ်လုံးမကျန်နားထောင်ကာ
မှတ်နေသလောက် jkကမူ စာသင်ခုံပေါ်တင်ထားသော စာအုပ်ပေါ် ခေါင်းတင်ကာ ဂျွန့်ဘက်ကို
လှည့်ပြီး ဂျွန့်မျက်နှာကို ကြည့်နေသည်။
ဂျွန့်ရဲ့မျက်ခုံးများပင်တွန့်ကာ ဆရာစာသင်နေတာကို အာရုံစိုက်ကြည့်နေခဲ့သည်။ သို့သော်
ဂျွန့်ရဲ့အာရုံကမူ ကြည့်နေသော jkကြောင့် ခဏခဏအတွေးကပြန်လွှင့်နေခဲ့သည်။
jkဆီကိုသာ မကြာခဏပြန်ကြည့်နေမိသည်။
ကြာတော့ ဂျွန်စိတ်မရှည်တော့ကာ jkရဲ့မျက်လုံးတွေကို ဂျွန်ရဲ့ညာဘက်လက်နဲ့အုပ်လိုက်ပြီးအသံတိုးတိုးဖြင့် jkနားနားကပ်ကာ"ဘယ်လိုဖြစ်နေတာတုန်း ဒီမှာစာကို အာရုံစိုက်
မရတော့ဘူး မင်းကြောင့် အိပ်မှာဖြင့်အိပ်နေ
ငါ့လိုက်ရှုပ်မနေနဲ့”ဂျွန် jkနားကနေခွါလိုက်ပြီး ဆရာစာသင်တာကို
ပြန်အာရုံစိုက်နေလိုက်သည်။ ဂျွန့်ရဲ့လက်ဖဝါးကို
jkမျက်လုံးကနေမခွါမိခဲ့။ jkရဲ့ အကြည့်တွေနဲ့
နောက်တစ်ခေါက် အာရုံမပျံ့လွှင့်စေချင်၍
ဖြစ်သည်။ တော်တော်ကြာတဲ့အထိ ထိုပုံစံအတိုင်း အဆင်ပြေနေခဲ့သည်။"အမေ့!!!!”
ဂျွန်အလန့်တကြားနဲ့ ထိုင်ရာမှထကာ အော်လိုက်မိသည်။ တစ်ခန်းလုံးဂျွန့်အသံကြား၍
professorအပါအဝင် တစ်ခန်းလုံးရှိကျောင်းသူ/
သားများရဲ့အာရုံက ဂျွန့်ဆီသို့ ရောက်လာခဲ့တော့သည်။ ဂျွန်မျက်လုံးများဝိုင်းသွားကာ
မျက်နှာတစ်ခုလုံးရဲတွတ်လာခဲ့သည်။ ထို့အပြင်
နားရွက်နဲ့လည်ပင်းများပါ ရဲလာခဲ့သည်။
ဂျွန် jkကို ငုံကြည့်တော့ သူ့ကို မထိတထိပြုံးကာ
ကြည့်နေတဲ့jkကိုကြည့်ပြီး ရိုက်ချင်စိတ်တွေ
တဖွားဖွားပေါ်လာခဲ့သည်။ ဒင်းကြောင့် အခု
တစ်ခန်းလုံးဂျွန့်ကို ဝိုင်းကြည့်နေကြတာ။
သူသာ ဂျွန့်ရဲ့လက်ဖဝါးကို မကိုက်လိုက်ဖူးဆိုလျှင် ဂျွန်အခုလိုမျိုးအလန့်တကြားထအော်မိမှာမဟုတ်။
YOU ARE READING
When I Become The Main Lead In Fic
Fanficကောင်လေးတစ်ယောက် ကားတိုက်ပြီး ဖတ်နေတဲ့ficထဲရောက်သွားသောအခါ~~~~~~~~~~~~ သူ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ?? ficထဲကအတိုင်း ဆိုးရွားစွာ အဆုံးသတ်သွားမလား ကံကြမ္မာကို ရှောင်ရှားနိုင်မလားဆိုတာ............... start-25/9/2022 End -4/6/2024