အပိုင်း[၆]

369 39 5
                                    

jungkookထိုင်ရာကနေမထသေးဘဲ စဥ်းစားနေမိသည်။ ဒီနေ့ နမ်ဂျွန်ကျောင်းထဲဝင်ကတည်းက နောက်ကနေလိုက်ခဲ့တာဖြစ်သည်။မနေ့က jungkookကျောင်းမလာတုန်း နမ်ဂျွန်နဲ့jiyeonဖြစ်သည့်ကိစ္စကို markဆီမှ ကြားပြီးဖြစ်သည်။

jiyeonက နမ်ဂျွန့်ကို အရေးပေးလွန်းသဖြင့် jungkookကြည့်မရပေ။ jungkookတင်မဟုတ်
ကျောင်းသားတွေအကုန်နီးပါးဖြစ်သည်။
ထို့ကြောင့် jkအခွင့်သင့်ရင်သင့်သလို နမ်ဂျွန်ကိုနှိပ်စက်တတ်သည်။

jiyeonဆိုတာက ကျောင်းရဲ့queenမလား။
ဒါကြောင့် ကောင်လေးတော်တော်များများက
နန်ဂျွန့်ကို အမြင်ကပ်ကြသည်။ အဲ့တာကိုလည်း နမ်ဂျွန်ဆိုတဲ့ကောင်က ဘာကိုမှစိတ်မဝင်စား။ jiyeonမျက်နှာတစ်ကမ္ဘာလုပ်နေသဖြင့် jungkook စိတ်တိုမိသည်။

မနေ့က jiyeonကို ငြင်းလိုက်ကြောင်းကြားတုန်းက jungkookတော်တော်ဒေါသထွက်မိသည်။ သူက ဘာမလို့ငြင်းရတာလဲ။လုပ်ပေးချင်တဲ့သူတွေ တစ်ပုံကြီးရှိနေတာကို။

အဲ့တာကြောင့် jungkook နမ်ဂျွန့်ကို ဒီနေ့ lessonsပေးဖို့ မနက်စောစောထဲက ကျောင်းလာကာ စောင့်နေခြင်းပင်။  နမ်ဂျွန့်ကြည့်ရတာကလဲ ဘာဖြစ်လာတယ်မသိ။တစ်ကိုယ်လုံးရွှဲစိုကာ စုတ်​​ပြတ်နေသည်။

ကျောင်းအနောက်ဖက်သို့လျှောက်သွားတော့
သီးသန့်ဖြစ်နေသည့် အခန်းဟောင်းကြီးထဲ
နမ်ဂျွန်ဝင်သွားသဖြင့် jungkookအံ့သြသွားသည်။ ဒီအဆောင်ကြီးက ဟောင်းနေသဖြင့် ဘယ်သူမှ မသွားကြပေ။ အဲ့ထဲကို သွားရမှန်းလည်း jkမသိပေ။

jungkook တံခါးကို အသံမကြားအောင်ဖွင့်ပြီး ခြေသံလုံလုံဖြင့် အခန်းထဲဝင်လိုက်သည်။ အခန်းထဲဝင်လိုက်တော့ jkတအံ့တသြဖြစ်သွားရသည်။ အခန်းကြီးက အပြင်ကနဲ့တခြားစီပင်။ အပြင်ပန်းက စုတ်ပြတ်နေသလောက် အထဲကမူ ရောင်စုံ အပင်များဖြင့် လှပနေသည်ကို တွေ့လိုက်သည်။

ဒါတွေအကုန်လုံးက နမ်ဂျွန်စိုက်ထားတာတွေပေါ့။ ဝိုး…သူ့မှာ သူများတွေမသိတဲ့အကျင့်ရှိသေးတာပဲ။ နမ်ဂျွန်ကိုမြင်တော့ jungkookအပင်တွေကြားထဲ ပုန်းရင်း နမ်ဂျွန်ကို ကြည့်နေလိုက်မိသည်။

နမ်ဂျွန်က ရုတ်တရက်ကြီး အင်္ကျီကို ချွတ်လိုက်သဖြင့် jungkookနေရာမှာပင် တောင့်တောင့်ကြီးရပ်နေကာ ကြည့်နေလိုက်မိသည်။ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် jk အသက်ရှုရပ်မတတ်ဖြစ်သွားသည်။

When I Become The Main Lead In FicWhere stories live. Discover now