အပိုင်း[၈]

350 35 6
                                    

ဂျွန် ကော်ဖီဆိုင်၌ ထိုင်ကာ စားပွဲပေါ်
ခေါင်းမှောက်ရင်း စိတ်ဓာတ်ကကျချင်လာသည်။
jkဆိုတာ ဂျွန် မပတ်သတ်သင့်တဲ့သူလေ။ အခု ကိစ္စတွေက ဘယ်လိုဖြစ်တွေဖြစ်နေလဲဆိုတာ
ဂျွန် မစဥ်းစားတတ်အောင်ဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ်  jkနဲ့jiyeonကို​တော့ မရရအောင် ရှောင်ရမည်။အဲ့နှစ်ယောက်ကြောင့်နဲ့တော့
ဂျွန်ဒီဘဝမှာ မသေချင်။

"ဘာတုန်း အရင်ဘဝကသေပြီး ဒီဘဝရောက်လာတာ သူတို့နှစ်ယောက်သတ်တာခံရဖို့လား”

ဂျွန် ကိုယ့်ဆံပင်ကို ဆောင့်ဆွဲကာ စိတ်ဆိုးဆိုးနဲ့
ပြောလိုက်မိသည်။

"အား…jeon jungkook jeon jungkook နင့်ကို တစ်သက်လုံးမတွေ့အောင် ငါရအောင်ရှောင်ပြမယ် စောင့်ကြည့်နေလိုက်”

ဂျွန် လက်သီးလက်မောင်းတန်းကာ မတ်တပ်ရပ် အော်လိုက်မိသည်။

"အဲ့…”

သတိရမှ ဘေးဘီကို ကြည့်လိုက်တော့ coffeeဆိုင်ထဲက လူတွေက ဂျွန့်ကို အထူးဆန်းသဖွယ်ကြည့်နေကြသဖြင့် ဂျွန်မျက်နှာ ရဲခနဲဖြစ်သွားရသည်။ ဂျွန် လည်ပင်းကို လက်ဖြင့်ပွတ်လိုက်ကာ ခေါင်းကို ငုံ့ပြီး ဆိုင်ထဲက မြန်မြန်ပြေးထွက်လာခဲ့တော့သည်။

ဂျွန် နောက်တစ်ပတ် ကျောင်းမတတ်ဖို့
အစီအစဥ်ဆွဲကာ အိမ်ထဲ၌သာ အောင်းနေမိသည်။ အလုပ်လည်း ခွင့်ယူထားလိုက်သည်။
အဒေါ့်ဆီက နားပူသက်သာအောင် အိမ်အလုပ်လေးလုပ်ပြီး ကျန်သောအချိန်၌ စာအုပ်သာဖတ်၍နေလိုက်သည်။

တကယ်က နမ်ဂျွန်အတန်းချိန်မတတ်လည်း ဆရာ/ဆရာမများက ဘာမှမပြောပေ။ နမ်ဂျွန်ရဲ့ IQက ၁၄၈မလား။ တစ်ကျောင်းလုံး၌ စာနဲ့ပတ်သက်လျှင် ဂျွန်က အမြဲနံပါတ်တစ်ဖြစ်သည်။ဂျွန်က ကျောင်းခန်းထဲမသွားဘဲ
ကိုယ့်ဘာသာကို စာလုပ်လည်း အမြဲတမ်း
တစ်ကို အေးအေးဆေးဆေးရသည်။

ဒါဆို ဘာလို့ ကျောင်းကို သွားနေရသလဲဟု
တွေးမိကြလိမ့်မည်။  ဘာလို့ အခန်းထဲစာဝင်သင်နေရသလဲဆိုတော့ jiyeonကြောင့်သာ။
သူ့ကိုအမြဲတမ်းတွေ့ချင်၍ အတန်းတတ်နေခြင်းပင်။

jiyeonက ကျန်တဲ့အချိန်၌ ဂျွန့်ကို အဖတ်မလုပ်။
ခိုင်းစရာရှိတဲ့အချိန်ဆို jiyeonရဲ့နံပါတ်တစ်
ခိုင်းဖက်က ဂျွန်သာဖြစ်သည်။ အရင်
နမ်ဂျွန်ကိုယ်တိုင်ကလည်း သိသိကြီးနဲ့
သဘောတကျလုပ်ပေးနေခြင်းပင်။

When I Become The Main Lead In FicWhere stories live. Discover now