အပိုင်း[၁၄]

283 30 0
                                    

ဂျွန်မနက်ခင်းအိပ်ယာနိုးတော့ မြင်နေကျအခန်းမဟုတ်တာသိပြီး လန့်သွားသည်။ ပြီးမှ စိတ်အေးအေးထားပြီး သေချာစဥ်းစားမိတော့ ညကကိစ္စတွေပြန်စဥ်းစားမိပြီး jungkookအိမ်ဆိုတာသိလိုက်သည်။

ထိုစဥ် ဂျွန့်ရဲ့ခါးကို နောက်ကနေလက်က
လာဖက်သဖြင့် ဂျွန်အတင်းရုန်းတော့
ဂျွန်က ရုန်းလေ ခါးကိုဖက်ထားသောလက်က ပို၍တင်းလာလေ ဖြစ်နေသည်။ထို့အပြင်
ဂျွန့်ကို ဆွဲလိုက်၍ ဂျွန်ရဲ့ကျောက မာကြောပြီး ကျစ်လစ်တဲ့ ရင်အုပ်ထဲကို ရောက်သွားရသည်။ ဂျွန်နောက်က ဘယ်သူမှန်းမသိသဖြင့်
ဂျွန်တဖြည်းဖြည်းအသက်ရှုမြန်လာနေတုန်း...

"မင်းနိုးပြီလား"

ဂျွန့်ရဲ့ဂုတ်ကို မျက်နှာအပ်ပြီးမေးလိုက်တဲ့အသံကြောင့် jungkookမှန်းသိမှ
ဂျွန်သက်ပြင်းချမိတော့သည်။ ထို့အပြင် jungkookရဲ့ အိပ်ရာနိုးစ သြရှရှအသံကြောင့်
ဂျွန့်ရဲ့ကျောပြင်စိမ့်ခနဲဖြစ်သွားတော့သည်။ jungkookရဲ့နွေးနေသော လျှာက ဂျွန့်ရဲ့ဂုတ်ကို လျက်လိုက်ပြီး ပါးစပ်ဖြင့် စုပ်နေတော့သည်။

"အာ့~~~~အာ့~~~~jung~~~~jungkookနင်…
ငါ့ကို ဒီလိုတွေလုပ်ဖို့ ခေါ်~~~~အာ့~~~~ခေါ်လာတာလား"

jungkookက ဘာမှပြန်မဖြေပဲ သူ့အလုပ်ကို ဆက်လုပ်နေသည်။ သူကျေနပ်မှ လွှတ်ပြီး
ဂျွန့်ကို jungkookဘက် လှည့်စေကာ သူ့မျက်နှာကို ကြည့်စေပြီး

"အင်း ဒါကလည်း အစီအစဥ်ထဲကတစ်ခုပဲ"

ဂျွန် jungkookကို မျက်မှောင်ကြုတ်၍ ကြည့်ပြီး စဥ်းစားနေမိသည်။

ငါ ဒီလိုမျိုးကြီးကို သိနေပါတယ် ဘယ်မှာသိတာလဲ စဥ်းစားစမ်း…

ခဏကြာတော့ ဂျွန်ရဲ့မျက်လုံးများပြူးသွားကာ
အသက်ရှုဖို့ပင် မေ့သွားသလားမှတ်ရသည်။
ထို့အပြင် တစ်ကိုယ်လုံးတုန်လာသဖြင့် မတ်တပ်ဖြည်းဖြည်းချင်းရပ်လိုက်ပြီး

ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ!!!

"jungkook ငါရေချိုးလိုက်ဦးမယ် မနေ့ညတည်းက ညစ်ပတ်နေသလိုကြီး"
"ဒါပေမယ့် ငါရေဘတ်တိုက်ပေးထားတာကို"
"တိုက်လည်း ငါအခုချိုးချင်လို့ အဝတ်တစ်ထည်ပါပေးဦး ဝတ်စရာမရှိဘူး"

When I Become The Main Lead In FicWhere stories live. Discover now