jungkookနဲ့ဂျွန် mallရောက်တော့ ကားပါကင်ထိုးပြီး အထဲသို့ဝင်လာခဲ့သည်။ jungkookက
ဂျွန်ရဲ့လက်ကိုဆွဲကာ သွားသဖြင့် ဂျွန်မျက်နှာရဲကာ jungkookနောက်ကနေ ယက်ကန်ယက်ကန်ဖြင့်ပါလာခဲ့သည်။ဂျွန် အဝတ်အစားမဝယ်ချင်သော်လည်း jungkookက အတင်းဝယ်မည်ပြောနေသောကြောင့်သာ ဂျွန်မငြင်းနိုင်ဘဲလိုက်လာခဲ့ရသည်။အထဲရောက်တော့ လူတိုင်းက jungkookကို စိတ်ဝင်တစားနဲ့ ကြည့်နေသည်ကို တွေ့ရသည်။
jungkookက လူအများကြည့်ရင်လည်း ကြည့်ချင်စရာပင်။ ပုံမှန်ထက်ပိုရှည်နေသော အနက်ရောင် ဆံပင်ရှည်များက jkနဲ့မှ ပို၍ပင် ဆွဲဆောင်မှုရှိနေသည်။ jungkookရဲ့အကြည့်စူးရှရှက
လူတိုင်း ခြေထောက်ပင် ကောင်းကောင်းမရပ်နိုင်သည်အထိ ပြင်းထန်ပြီး ညှို့ယူနိုင်လွန်းသည်။jungkookဘေးရောက်လာတိုင်း သူရဲ့အရှိန်အဝါကို လူတိုင်းသတိထားမိစေသည်။
ဂျွန်ရဲ့လက်ကို ကိုင်ထားသော jungkookရဲ့
တတ်တူးအပြည့်ထိုးထားတဲ့ လက်က ကြီးမားကာ အကြောများပင် ထောင်နေသည်မှာ ဆွဲဆောင်မှုအပြည့်ဖြစ်သည်။ဂျွန် ကိုယ့်ရဲ့ကျန်တဲ့လက်တစ်ဖက်ကို ဆုပ်လိုက်ဖြန့်လိုက်လုပ်ကြည့်သည်။ ဂျွန်ရဲ့လက်က jungkookနဲ့စာရင် ပို၍သေးသည်။ အကြောစိမ်းစိမ်းတွေကို မျှင်မျှင်လေးသာမြင်ရသည်။ jungkookရဲ့လက်ကို ကြည့်ပြီးတော့ပင် ဂျွန့်ရဲ့ရင်ခုန်သံတွေမြန်လာလားထင်ရသည်။
jungkookက ဒီလောက်နဲ့ကို လူတိုင်းဆွဲဆောင်နေနိုင်သည်ကို မလုံလောက်သေး၍လားမသိ။ ရင်ဘတ်ကြယ်သီးများကို ဖြုတ်လာသေးသည်။ ဂျွန် ဘေးမှာရှိတဲ့လူများရဲ့မျက်လုံးများကိုပင်
ကြည့်ပြီး သိနိုင်သည်။ အကုန်လုံးက jungkookရဲ့ ကြံ့ခိုင်တဲ့ရင်ဘတ်ကို ကြည့်ပြီး သွားရည်ကျနေကြသည်။ဂျွန် အင်္ကျီကြယ်သီးတွေကို တတ်ပေးလိုက်ချင်သည်မှာ လက်ကို ယားနေသည်။ ဂျွန်တစ်ယောက်တည်းတွေးကာ ခြေဆောင့်ပြီး
နေရာမှာပင် ရပ်လိုက်မိသည်။ ရုတ်တရက်
ရပ်သွားသော ဂျွန်ကြောင့် jungkookက
မျက်ခုံးတစ်ဖက်ပင့်ကာ ဂျွန့်ကို လှည့်ကြည့်လာသည်။"နမ်ဂျွန် ဘာဖြစ်တာတုန်း ရှေ့ဆက်မသွားချင်လို့လား”
ဂျွန် မျက်နှာရဲကာ ဘေးဘီကိုကြည့်လိုက်ပြီး jungkookရဲ့ ကြယ်သီးဖွင့်ထားတဲ့ရင်ဘက်ကို ကိုယ်တိုင်ပင်မသိလိုက်ပဲ စိုက်ကြည့်နေလိုက်မိသည်။ ဂျွန့်ရဲ့ပုံစံကိုကြည့်ပြီး jungkookက ချက်ခြင်းသဘောပေါက်ကာ မထိတထိပြုံးလိုက်ပြီး ဂျွန်နဲ့နီးကပ်သည်အထိ တိုးလာသည်။ ထို့နောက့ ဂျွန့်ရဲ့နားနားကပ်ပြီး အသံသြသြရှရှနှင့်
ပြောလိုက်သောကြောင့် ဂျွန်ရဲ့နှလုံးအပြင်ခုန်ထွက်လာမှာတောင် စိုးရိမ်မိသည်။
YOU ARE READING
When I Become The Main Lead In Fic
أدب الهواةကောင်လေးတစ်ယောက် ကားတိုက်ပြီး ဖတ်နေတဲ့ficထဲရောက်သွားသောအခါ~~~~~~~~~~~~ သူ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ?? ficထဲကအတိုင်း ဆိုးရွားစွာ အဆုံးသတ်သွားမလား ကံကြမ္မာကို ရှောင်ရှားနိုင်မလားဆိုတာ............... start-25/9/2022 End -4/6/2024