အပိုင်း[၃၀]

163 14 0
                                    

"jk လုပ်ပါ ကျောင်းသွားရအောင်လို့"

ဂျွန် ခန္ဓာကိုယ်ကို အနည်းငယ် ရုန်းကြည့်ရင်း
jkကို ပြောလိုက်သည်။ ဂျွန့်ရဲ့ ခါးကို
jkရဲ့လက်တွေနဲ့ တင်းတင်းကြပ်ကြပ်ဆွဲဖက်ထားသဖြင့် ဂျွန်ကျောပြင်က jkရဲ့ မာကျောကျစ်လစ်တဲ့ရင်အုပ်ကြား နစ်မြုပ်လို့နေသည်။

"kookie...အခုမထရင် ကျောင်းနောက်ကျတော့မှာပါဆိုနေ"

jkက တုပ်တုပ်မှမလှုပ်။

"ပြီးတာပဲ မင်းမထရင်နေခဲ့  ငါတစ်ယောက်တည်း ကျောင်းသွားမယ်"

ဂျွန်အတင်းရုန်းလေ jkက ပိုတိုးကာ ဖတ်ထားလေဖြစ်နေသည်။ ဂျွန် နှုတ်ခမ်းလေးက
စူသွားကာ

"kookie နိုးနေပြီမလား ဘာလို့မထသေးတာလဲလို့..."

ထိုအခါမှ jkဆီကနေ စကားသံထွက်လာခဲ့သည်။

"ကိုယ် ဒီနေ့အတွက် ခွင့်တိုင်ထားတယ်
မင်း ဒဏ်ရာတွေ အရှင်းမပျောက်သေးလို့
အနားယူရအောင်ဆိုပြီးတော့"
"ဂျွန် နေကောင်းနေပါပြီဆို ဒဏ်ရာတွေက
အဲ့လောက်များတာလည်းမဟုတ်ဘူး"

ဂျွန် jkနဲ့မျက်နှာချင်းဆိုင်သည်အထိ
လှည့်ကာ ပြောလိုက်သည််။
ထိုအခါ jkရဲ့ မျက်၀န်းများက ပွင့်လာကာ
ဂျွန့်ရဲ့မျက်နှာကို ကြည့်နေခဲ့သည်။
စကားတစ်ခွန်းမှ ထပ်မပြောတော့ပဲ
ဂျွန့်မျက်နှာကိုပဲ စူးစိုက်ကြည့်နေတဲ့
Jkကြောင့် ဂျွန်မနေတတ်တော့ပဲ

"kookie ဘာဖြစ်လို့လဲ ဘာလို့ဒီလောက်တောင်
စိုက်ကြည့်နေရတာလဲ"

jk စကားတစ်ခွန်းမှ ထပ်မပြောသေးပဲ
ဂျွန့်မျက်နှာနားကပ်လာကာ
ပါးပေါ်ရှိဒဏ်ရာတိုင်းကို ဖွဖွလေးနမ်းနေခဲ့သည်။
jkရဲ့ ရုတ်တရက်အပြုအမူကြောင့်
ဂျွန် ခဏတာအံ့သြမိသွားပြီးနောက်
ပြုံးလိုက်ကာ မျက်၀န်းတို့ကို
မှိတ်ပြီး jkရဲ့နူးနူးညံ့ညံ့အနမ်းတွေကိို ရင်ခုန်စွာ
ခံယူနေခဲ့မိသည်။
jk အားရအောင် နမ်းပြီတော့မှ
ဂျွန့်မျက်နှာက နီညိုရောင်အကွက်တွေဖြစ်နေတဲ့
ဒဏ်ရာတွေကို သူ့ရဲ့လက်နဲ့ ဖွဖွလေးထိပြီး

"မင်းကို ဒီလိုဒဏ်ရာတွေ ရအောင်လုပ်တဲ့
အဲ့ဒီသုံးယောက်ကို မနေ့က မင်းကို
လုပ်တဲ့အတိုင်း ပြန်လုပ်ခဲ့သင့်တာ"

When I Become The Main Lead In FicWhere stories live. Discover now