နမ်ဂျွန် ပန်းခြံထဲမှမြန်မြန်ပြေးထွက်လာခဲ့သည်။ ကိုယ့်ဟာကိုလည်း jungkookကို မမှတ်မိလို့ စိတ်တိုနေမိသည်။ သူ့ရဲ့ပုံစံက ficထဲက ပြောထားတဲ့ပုံစံနဲ့ တူပေမယ့် ဂျွန်ရုတ်တရက်ထူပူပြီး မမှတ်မိလိုက်ပေ။
သူ့ကိုရှောင်ရပါမယ်ဆိုမှ တည့်တည့်ကြီးတိုးမိ
သည့်အတွက် ကိုယ့်အဖြစ်ကို မယုံနိုင်အောင်ဖြစ်နေသည်။ နမ်ဂျွန်ရဲ့ဒီဘဝမှာ အဓိက ရှောင်ရမယ့်လူက jiyeonနဲ့jungkook။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့နဲ့အဝေးဆုံးမှာနေရမယ်။ဂျွန် စာကြည့်တိုက်အပြင်၌ နံရံကို မှီရင်း
ရင်ဘက်ကို ဖိထားမိသည်။ ဂျွန့်ရဲ့မျက်နှာတစ်ခုလုံးကလည်း နီရဲနေသည်။ ဖြည်းဖြည်းချင်း အစောက jungkookရဲ့မျက်နှာက ဂျွန့်ရဲ့စိတ်ထဲ
ပြန်ပေါ်လာသည်။jungkookက ficထဲမှာ ညွှန်းထားတာထက်တောင် အပြင်မှာပို၍ချောသည်။ ယောက်ျားဆန်သည်။ ခန္ဓာကိုယ်က တောင့်တင်းသန်မာပြီး
ကြည့်ကောင်းသည်။"wtf ငါ အခုလေးတင်မှ သူ့ကို ရှောင်ရမယ်ဆိုပြီး
စဥ်းစားနေတာလေ အခုဘယ်လိုလုပ်ပြီး jk
ချောတဲ့အကြောင်းကို ချက်ခြင်းပြန်တွေးနေတာတုန်း ကင်နမ်ဂျွန် စိတ်ထိန်းစမ်း ရူးနေတာလား
သူက ငါရှောင်ရမယ့်သူ ကြောင်ရမယ့်သူမဟုတ်ဘူး...fuck"ဂျွန် လက်သီးစုတ်နဲ့ ကိုယ့်ခေါင်းကို ဖွဖွလေးပြန်ထုနေမိသည်။
"ဟာ အင်္ကျီကလည်း သိပ်မခြောက်သေးဘူး အဲ့jungkookကြောင့်..."
နမ်ဂျွန် စိတ်ဆိုးဆိုးနဲ့ စာကြည့်တိုက်ထဲကို
ဝင်ဖို့လုပ်တော့"နမ်ဂျွန်"
"jackson ဟီး...တွေ့ပြန်ပြီ"
"အခု စာသင်ချိန်မလား ဒီကိုဘာလာလုပ်တာလဲ"
"အဲ... အဲ့ဒါက မနက်ပိုင်းလစ်လာတာ အင်္ကျီတွေစိုနေလို့ဆိုပြီး လှန်းမလို့ ကြားထဲ အနှောင့်အယှက်လေးပေါ်လာလို့"
"အဲ့ဒါဆို ကိုယ့်အင်္ကျီယူဝတ်ထားလေ ဖျားနေဦးမယ်"
"ရပါတယ် ခြောက်တော့မှာပဲကို"
"လာပါ အားနာမနေနဲ့"jacksonက ဂျွန့်ရဲ့လက်ကို ဆွဲပြီး lockerဆီသွားကာ ပိုနေသော အင်္ကျီတစ်ထည်ထုတ်ပေးသည်။
"ရော့ ဒါသန့်စင်ခန်းထဲယူသွားပြီး ဝတ်"
ဂျွန်လည်း ဘာမှမပြောဘဲ သန့်စင်ခန်းထဲဝင်ကာ လဲပြီး ပြန်ထွက်လာခဲ့သည်။
YOU ARE READING
When I Become The Main Lead In Fic
Fanfictionကောင်လေးတစ်ယောက် ကားတိုက်ပြီး ဖတ်နေတဲ့ficထဲရောက်သွားသောအခါ~~~~~~~~~~~~ သူ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ?? ficထဲကအတိုင်း ဆိုးရွားစွာ အဆုံးသတ်သွားမလား ကံကြမ္မာကို ရှောင်ရှားနိုင်မလားဆိုတာ............... start-25/9/2022 End -4/6/2024