အပိုင်း[၉]

315 32 1
                                    

ဂျွန် စာသင်ခန်းထဲရောက်တော့ ပြတင်းပေါက်နားရှိခုံမှာဝင်ထိုင်နေလိုက်ပြီး အပြင်ကို ငေးကြည့်နေလိုက်သည်။  ပြတင်းပေါက်ကို ဖြတ်ပြီး တိုက်ခတ်လာသော လေအေးအေးနဲ့အတူ ဂျွန့်ရဲ့ ဆံပင်ပျော့ပျော့လေးတွေက လွှင့်နေသည်။ ဂျွန်လည်း အိပ်ချင်သလိုဖြစ်လာသဖြင့် မျက်လုံးကို ခနမှိတ်လိုက်မိသည်။

ထိုစဥ် တစ်စုံတစ်ယောက်က ဂျွန့်ရဲ့ နဖူးပေါ်ကျနေသည့်ဆံပင်ကို လှန်တင်လိုက်ပြီး
ကလစ်ဖြင့် ညှပ်လိုက်ပြီး လက်ဖြင့်တောက်လိုက်သည်။ ရုတ်တရက် ဖြစ်သောကြောင့်
ဂျွန်လန့်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့
ဂျွန့်ကို ကြည့်ပြီးရယ်နေတဲ့ jungkookနဲ့jiyeonကို​တွေ့လိုက်ရသည်။

ဂျွန် အပြင်ကို စိတ်ဝင်စားနေတာနဲ့ သူတို့ ဂျွန့်နောက်ရောက်နေသည်ကိုပင်မသိလိုက်ချေ။
တစ်တန်းလုံးကလည်း jungkookတို့ရယ်သံကြောင့် ဂျွန်တို့ရှိရာသို့ လှမ်းကြည့်နေသဖြင့်
ဂျွန်မျက်နှာရဲသွားတော့သည်။ ဂျွန်ခေါင်းမှာရှိတဲ့ ကလစ်ကို ဒေါသဖြင့် ဆွဲဖြုတ်လိုက်ပြီး jungkookဆီသို့ ပစ်ပေါက်လိုက်ကာ နေရာမှ
ထမည်အလုပ် ဆရာဝင်လာသဖြင့် ဂျွန်နေရာမှာပင် ပြန်ထိုင်လိုက်ရသည်။

ဆရာ စာသင်တာမှ မစသေးဘူး jungkookက
ဂျွန့်ရဲ့ထိုင်ခုံကို နောက်ကနေ ကန်နေသဖြင့် ဂျွန်လက်သီးတင်းတင်းဆုပ်ကာ နောက်သို့လှမ်းကြည့်လိုက်တော့ နှစ်ယောက်လုံးက ဂျွန့်ကို လှောင်ပြုံးပြုံးပြနေကြသည်။ ဂျွန်လည်း ရှေ့ပြန်လှည့်ကာ ဆရာစာသင်တာကို စိတ်ဝင်တစားပြန်ကြည့်နေလိုက်သည်။

ဒါပေမယ့် jungkookက ဂျွန့်ထိုင်ခုံကို နောက်ကကန်နေတာမရပ်ပေ။ ထို့အပြင် နောက်ကနေပါ စက္ကူစုတ်တွေဖြင့် ပေါက်နေသေးသည်။
ကြာလာတော့ ဂျွန်သီးမခံနိုင်တော့သဖြင့်
ထိုင်ခုံမှ ဒေါသတကြီး ထရပ်လိုက်ပြီး jungkookကို လက်ညှိုးထိုးကာ

"jeon jungkook……”

ဂျွန်က ဒေါသတကြီးဖြစ်နေသော်လည်း jungkookက ဘာမှနားမလည်သလို ကြောင်တောင်တောင်ပုံစံဖြင့် ဂျွန့်ကို ပြုံးပြနေသည်။

"မင်း………”

ဂျွန့်ရဲ့စကားပင်မဆုံးလိုက်သေး

When I Become The Main Lead In FicWhere stories live. Discover now