အပိုင်း[၂]

391 37 3
                                    

ဂျွန် အခန်းကျဥ်းကျဥ်းလေးကို ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ အကြံထုတ်နေမိသည်။

"ငါ ဘာလုပ်ရင်ကောင်းမလဲ ငါဒီအတိုင်းကြီးတော့ အသေမခံနိုင်ပါဘူး"

နမ်ဂျွန် ကြောက်စိတ်ကြောင့်ချွေးများပင်ထွက်နေသည်။ ကုတင်ပေါ်ထိုင်လိုက်ပြီး

"အင်း စိတ်အေးအေးထားပြီး စဥ်းစားကြည့်ရ အောင် ငါficထဲကအတိုင်းလိုက်မလုပ်ဘဲနေရင်
ငါသေမှာကိုရှောင်ရင်ရှောင်နိုင်မှာပေါ့"

ဂျွန် ဝမ်းသာအားရလက်ခုပ်တီးလိုက်ကာ

"ဟုတ်သားပဲ ငါficထဲကနဲ မတူတာတွေပဲအပြင်မှာလုပ်ရမယ် အင်း... အရင်ဆုံးငါ့ပုံစံကို ပြင်ရမယ် နမ်ဂျွန်က စာကြမ်းပိုး မျက်မှန်ကြီးဝတ်ပြီး အဝတ်က ဖရိုဖရဲနဲ့ မင်းသမီးခိုင်းသမျှဘာမှမစဥ်းစားဘူးလုပ်ပေးတာ အဲ့ဒါကြောင့်လည်း မင်းသမီးလှည့်စားတာခံရတာ"

ဂျွန်ပြောရင်း ဗီရိုထဲ ကြည့်ကာ အဝတ်အစားရှာနေမိသည်။

"ဟူး......သူအဝတ်အစားသစ်ရောရှိရဲ့လားမသိ အဝတ်တွေကလည်း ပုံတုန်းကြီးကြည့်ပဲ အဲ့...ဒါ လေးတော့အဆင်ပြေတယ် တော်သေးတယ် ဝတ်စရာလေးရှိသေးလို့"

နမ်ဂျွန် အဝတ်အစားလဲပြီး ကျောင်းကိုသွားဖို့ အိမ်ပေါ်မှဆင်းလာတော့ သူ့ကို မျက်စောင်းဝိုင်းထိုးနေကြတဲ့ အဒေါ်မိသားစုကို
တွေ့လိုက်သည်။ ဂျွန်သူတို့ကိုကြည့်ပြီး

"ဘာတုန်း"
"နင် ဒီနေ့မနက် ဘာလို့အိမ်အလုပ်တွေ မလုပ်တာတုန်း မနက်စာလည်း နင်မချက်လို့ ငါတို့ဟာငါတို့ ဖြစ်သလိုစားနေရတာ မတွေ့ဘူးလား"

အဒေါ့်ရဲ့ သမီးအကြီးက ဒေါသထွက်ကာ အော်ပြောသည်။ အဒေါ့်သမီးနှစ်ယောက်ကလည်း ဂျွန်နဲ့တက္ကသိုလ်အတူတူတတ်နေကြတာပါပဲ။သူတို့ကတော့ မျက်နှာမိတ်ကပ်တွေ ပြာနေအောင်လိမ်းပြီး ကျောင်းကို ကျော့နေအောင်သွားကြတာ။
သူ့တို့ဟာသူတို့ လှတယ်ထင်နေတာလားမသိဘူး နမ်ဂျွန်တစ်ယောက်တည်းတွေးကာ ရယ်လိုက်မိတော့တယ်။

"ဟဲ့ ကင်နမ်ဂျွန် နင်ငါ့အမပြောတာ ရယ်စရာပါတယ်ထင်နေတာလား နင့်ကို အိမ်အလုပ်တွေ မလုပ်လို့ ​ ​ဆူနေတာလေ ငါတို့နင့်ကို မဆုံးမတာကြာလို့ နင်တော်တော်အကျင့်ပျက်နေတာထင်တယ် အခုလည်းကျောင်းကို ရှိုးလျှောက်သွားမှာလား စာသင်သွားမှာလား"

When I Become The Main Lead In FicWhere stories live. Discover now