final part

223 11 8
                                    

"jung…jungkook-ah…”

ဂျွန် ရုတ်တရပ်နိူးလာခဲ့သည်။ပတ်ပတ်လည်၌ အမှောင်များသာ ကြီးစိုးနေသည်။ ထိုအမှောင်ထုထဲကနေ
လွတ်အောင်ခြေဦးတည့်ရာကိုပြေးမိသည်။ သို့သော် အမှောင်ထုထဲက မထွက်နိုင်ခဲ့။ ဆက်၍ပြေးသော်လည်း ချွေးတွေတကိုယ်လုံးစိုရွှဲလာရုံမျှသာ…ရင်ဘတ်တခုလုံး
နိမ့်လိုက်မြင့်လိုက်ဖြင့် အသက်ကို
လုရှူနေရသည်။ ဆက်၍ မပြေးနိုင်တော့ပဲ
နေရာမှာတွင် ထိုင်ချလိုက်ပြီး ဒူးကိုရင်ဘတ်မှာအပ်ကာ လက်နှစ်ဖက်ဖြင့် ​ခြေထောက်ကို
ပိုက်ပြီး မျက်နှာကို ဒူးပေါ်အပ်ထားမိသည်။

ဘာလို့လဲ…အခု ဂျွန် ဘယ်ကိုရောက်နေတာလဲ တစ်ယောက်ယောက် ဂျွန့်ကို လာကူညီပါဦး …jungkook…jungkookရော
jungkook -ah!!!! ဘယ်ရောက်နေတာလဲ
jeon jungkook!!!!

ဂျွန့်ရှိုက်သံနဲ့အတူ အသံက ဗလုံးဗထွေးဖြင့်
ထွက်လာခဲ့သည်။

"joonie”
ဂျွန့်ကိုခေါ်လိုက်တဲ့ နူးညံနေတဲ့အသံနဲ့အတူ
လက်တစ်စုံက ဂျွန့်ခေါင်းကို ခပ်ဖွဖွလာပုတ်သည်။ နွေးထွေးလွန်းတဲ့ အသံ
ထိုလက်ဖဝါးတို့က မမှားနိုင်…
ဂျွန် မြန်မြန်ဆန်ဆန်ပင် မော့ကြည့်လိုက်တော့ သူ့ကို ပြုံးကာ ကြည့်နေတဲ့
jkရဲ့ ချောမောလွန်းတဲ့မျက်နှာကို
မြင်လိုက်ရသည်။

"jungkook!!!”

ဂျွန် မသိလိုက်ခင်မှာပဲ မတ်တပ်ကထရပ်ပြီး
ဖြစ်နေကာ jkရင်ခွင်ထဲ ခုန်ဝင်ကာ တင်းတင်းကြပ်ကြပ်ဖတ်ထားမိသည်။ ဂျွန့်ရဲ့ ရုတ်တရက်ဆန်တဲ့ အပြုမူကြောင့်
jk balanceမထိန်းနိုင်တော့ပဲ
နောက်သို့လဲကျသွားသည်။
ဂျွန့်ရဲ့ခါးကို တင်းတင်း​​ကြပ်ကြပ်ဖက်ထားသော လက်တို့ကြောင့် ဂျွန်ပါ
jkရင်ဘတ်ကို မျက်နှာအပ်ရပ်ဖြင့်
လဲကျလာခဲ့သည်။ ဂျွန် jkကို ပျောက်ကွယ်သွားမှာကို စိုးသည့်အလား တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
jk ဂျွန့်ရဲ့ကျောပြင်ကို နှစ်သိမ့်သည့်အနေဖြင့် ပွတ်ပေးနေမိသည်။ ခဏကြာသည်အထိ
ဒီပုံစံအတိုင်းနေနေမိပြီး

"ဂျွန် ဘာဖြစ်လို့လဲ”
jkကိုမော့မကြည့်ပဲ ဒီတိုင်းဆက်နေနေမိသည်။
"joonie ကိုယ့်ကိုမော့ကြည့်ပါဦး”
ဂျွန် ခေါင်းကိုရမ်းပြီး jkကိုသာ တိုး၍
ဖတ်ထားမိသည်။
"joonieက ကလေးလေးကျနေတာပဲ
ဘာလို့ ဒီလောက်ထိငိုနေရတာလဲ”
ဂျွန် နှာခေါင်းတရှုပ်ရှုပ်ဖြင့် jkကို
မော့ကြည့်လိုက်ပြီး

When I Become The Main Lead In FicWhere stories live. Discover now