အပိုင်း[၁၁]

340 36 3
                                    

jungkookအိမ်ပြန်ရောက်တော့ အခန်းထဲအရင်သွားပြီး ရေအေးအေးနဲ့မြန်မြန်ချိုးလိုက်သည်။
ရေသုတ် အဝတ်အစားလဲပြီး အခန်းထဲ၌ပင် ဖုန်းသုံးနေရင်း အချိန်ဖြုန်းနေမိသည်။ နာရီကို ခဏခဏကြည့်ကာ hoseokနဲ့တွေ့ချိန်ကိုစောင့်နေမိသည်။

jungkookက အိမ်မှာ အဖေနဲ့အတူမနေပေ။ အဖေရော jungkookရောက လွတ်လွတ်လပ်လပ်နေတတ်သူတွေမို့ တစ်အိမ်စီသာနေဖြစ်သည်။ သို့သော် အဖေက jungkookကို seokjin,hoseok,yoongi hyungတို့နဲ့ အတူနေစေသည်။ အရေးအကြောင်းဆို အကူအညီရအောင်ဖြစ်သည်။

၃ယောက်လုံးက jungkookနဲ့အမျိုးမတော်ပေ။ yoongiနဲ့hoseok hyungက အဖေ့လက်အောက်တွင် အလုပ်လုပ်၍ seokjin hyungက
အိမ်မှာနေ၍ ထမင်းဟင်းချက်ပေးသည်။ jungkook ထမင်းစားချိန်ထက် နည်းနည်းစော၍ ထမင်းစားခန်းထဲဝင်လာခဲ့သည်။ ထမင်းစားခန်းထဲ၌ ညစာပြင်နေသော seokjin hyungကို တွေ့လိုက်ရသည်။

"jungkook အစောကြီးပဲ ဗိုက်ဆာနေလို့လား”

seokjinအမေးကို jungkook ခေါင်းရမ်းပြလိုက်ပြီး

"ကျွန်တော် စောဆင်းလာချင်လို့ yoongi hyung ရော”
"yoongiက အခန်းထဲမှာ နားနေတယ် hoseokကတော့ အပြင်ကို ထွက်သွားတယ်”

ပြောရင်းဆိုရင်း ကားသံကြားလိုက်ရသဖြင့် jungkookမျက်နှာ ဝင်းလက်သွားသည်။
ထင်သည့်အတိုင်း hoseokက ဖိုင်တစ်ဖိုင်ကိုင်ပြီး အိမ်ထဲသို့ဝင်လာသည်။ jungkookကို ထမင်းစားခန်းထဲတွေ့လိုက်ရတော့ hoseok မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး

"jungkook တော်တော်သိချင်နေတယ်ပေါ့
kim nam joonရဲ့အကြောင်းကို”

jungkookလဲ စိတ်ပျက်လက်ပျက်အသံဖြင့်

"hyung ပြောမှာဖြင့်ပြောစမ်းပါ တစ်ခုခုထူးဆန်းတာ တွေ့ခဲ့လား”

hoseokခေါင်းရမ်းလိုက်ပြီး

"သူလည်း သာမန်လူတွေလိုပါပဲ မိဘတွေဆုံးပြီး အဒေါ်နဲ့သမီးနှစ်ယောက်က သူ့အိမ်လာနေတယ်
နမ်ဂျွန်မှာ ရည်းစားမရှိဘူး သူငယ်ချင်း၂ယောက်တည်းရှိတယ် IQက ၁၄၈ရှိတယ် ကျောင်းမှာ စာဆို ပထမပဲ”

hoseokက ညစ်ပြီး သိပြီးသားအကြောင်းတွေကြည့်ပြောနေသဖြင့်

"hyung…”
"okok တကယ်အကြောင်းကို ပြောပြမယ်
သူ့အကြောင်းရှာလိုက်တော့ စိတ်ဝင်စားစရာ ကောင်းတာတစ်ခုတွေ့တယ် အဲ့ဒါက သူတော့မဟုတ်ဘူး”

When I Become The Main Lead In FicWhere stories live. Discover now