jk အိမ်ရှေ့ကားရပ်တော့ နမ်ဂျွန်ကို သာသာယာယာပွေ့ချီကာ အိမ်ပေါ်ထပ်တတ်လာခဲ့သည်။
ဧည့်ခန်းထဲမှာရှိနေတဲ့ sjတို့ကို jkကို သံသယ
မျက်လုံးများဖြင့် ကြည့်နေသော်လည်း ဘာမှမပြောပေ။ jkလည်း မသိချင်ယောင်ဆောင်ပြီး အခန်းဆီသွားကာ ဂျွန့်ကို ကုတင်ပေါ်တင်လိုက်ပြီး စောင်ခြုံပေးကာ အောက်ထပ်ကို ပြန်ဆင်းလာခဲ့သည်။jk မီးဖိုခန်းထဲဝင်ပြီး ဘီယာတစ်ဗူးဖောက်ကာ
စားပွဲ၌ထိုင်ပြီး သောက်နေလိုက်သည်။ အခုထိ
ဂျွန်နဲ့နမ်းတုန်းက ရလာတဲ့အရသာက jkပါးစပ်ထဲ ဆွဲနေသည်။ ဂျွန်ရဲ့လှပတဲ့ ညည်းညှူနေတဲ့အသံက jkနားထဲ၌ ပဲ့တင်ထပ်နေသည်။ sexကိစ္စက jkနဲ့ရင်းနှီးနေသော အရာပင်ဖြစ်သည်။ ဒါပေမယ့်
ဒီလိုမျိုးခံစားရတာကတော့ နမ်ဂျွန်က ပထမဆုံးပင်ဖြစ်သည်။ jk သူ့ရဲနှုတ်ခမ်းကို လက်နဲ့ထိပြီး
ပြုံးလိုက်မိသည်။ jkတစ်ယောက်ထဲ အတွေးထဲ နစ်မျောနေလိုက်တာ သူ့ရဲ့hyung ၃ယောက်က
ရှေ့တည့်တည့်၌ ထိုင်နေသည်ကို သတိမထား
လိုက်မိပေ။"jk တစ်ယောက်တည်း ဘာတွေပြုံးနေတာလဲ”
"ဟင်…sj hyung ဘယ်တုန်းကရောက်နေတာလဲ”
"မင်း ဒီထဲဝင်လာထဲက နောက်ကနေတို့သုံးယောက်လုံးလိုက်ဝင်လာတာ”ygက sjအစား ဝင်ဖြေလိုက်သည်။ jk
ကိုယ့်လည်ပင်းကို လက်နဲ့ပွတ်လိုက်ပြီး"sorry hyungs ကျွန်တော် အတွေးလွန်နေလို့”
"jk ငါတို့မင်းဘာလုပ်လုပ်တစ်ခါမှ ဝင်မစွက်ဖူးဘူး ဒါပေမယ့် အခု ဘာတွေလုပ်နေတာလဲ
hyungတို့ သုံးယောက်လုံးနားမလည်ဘူး ဖြစ်နေတာ”
"ကျွန်တော်ကိုယ်တိုင်လည်း အခုထိနားမလည်နိုင်သေးဘူး hs hyung”
"မင်း သူ့ကို ချစ်နေတာလား ချစ်တာဆိုရင် jiyeonကရော”jkရဲ့ hyungသုံးယောက်လုံးက jkနဲ့jiyeonရဲ့ အကြောင်းကို သိပြီးဖြစ်သည်။ jkက ကျောင်းကနေပြန်ရောက်တိုင်း jiyeonအကြောင်းကို
ပြောဖြစ်သည်။ jiyeonက အမြဲတမ်း jk သူ့ကို သဝန်တိုတာ သဘောကျသည့်အလား နမ်ဂျွန့်ကို
အမြဲစကားပြောနေကာ ခိုင်းခိုင်းနေတတ်သည်။
jiyeonနဲ့နမ်ဂျွန် စကားပြောနေလျှင် jkစိတ်ထဲ
အမြဲသဝန်တိုနေတတ်သည်။ jiyoenပြောသမျှအကြောင်းအကုန်နားထောင်ကာ ရယ်နေတတ်တဲ့
နမ်ဂျွန်ကို ဒေါသထွက်သည်။ jkခေါင်းကို စိတ်ရှုပ်စွာကုတ်လိုက်ပြီး
YOU ARE READING
When I Become The Main Lead In Fic
Fanfictionကောင်လေးတစ်ယောက် ကားတိုက်ပြီး ဖတ်နေတဲ့ficထဲရောက်သွားသောအခါ~~~~~~~~~~~~ သူ့ကံကြမ္မာက ဘယ်လိုဖြစ်လာမှာလဲ?? ficထဲကအတိုင်း ဆိုးရွားစွာ အဆုံးသတ်သွားမလား ကံကြမ္မာကို ရှောင်ရှားနိုင်မလားဆိုတာ............... start-25/9/2022 End -4/6/2024