အပိုင်း[၃၂]

128 10 0
                                    

"သူငါ့ကို ဘာပြောတယ်မှတ်လဲ
နင့်််ကိုစိတ်ကုန်နေပြီတဲ့ နင့်ရဲ့ပျင်းစရာကောင်းတဲ့မျက်နှာ ပျင်းစရာကောင်းတဲ့အသံ နင့်ရဲ့အလိုက်မသိမှုတွေ အကုန်လုံးကိုစိတ်ကုန်နေပြီတဲ့"

jiyeonပြောတာတွေကို မယုံချင်သော်လည်း
ပွဲစတဲ့ ဒုတိယပိုင်းတစ်လျှောက်လုံး
ထိုစကားတွေသာ ဂျွန့်ရဲ့ခေါင်းထဲပဲ့တင်နေခဲ့သည်။ တကယ်...တကယ်လို့  ပြောတာတွေမှန်နေခဲ့မယ်ဆိုရင်ရော...ဂျွန့်ထက်သာတဲ့ သူတွေအကုန်လုံးကို ထားပြီး ဂျွန်နဲ့တွဲနေခဲ့တာ
ကြားရင်ငြီးငွေ့လာတာဖြစ်နိုင်တာပဲ...

အခု jkကို အားပေးနေတဲ့ သူတွေကိုကြည့်ကြည့်လိုက် အကုန်လုံးက အချောအလှတွေချည်းပဲ
ထို့အပြင်  သူဌေးသား/သမီးတွေပင်...
ကြားထဲ သရုပ်ဆောင် မော်ဒယ်လုပ်နေတဲ့
ကျောင်းသူ/သားတွေကပါ jkပွဲတိုင်း
လာအားပေးကာ တစ်နည်းနည်းနဲ့
jkရဲ့အာရုံစိုက်မှုရဖို့ ကြိုးစားနေသေးသည်။
jiyeonပြောတဲ့စကားတွေကြားပြီနောက်
ဂျွန့်နဲ့တခြားသူတွေကို နှိုင်းယှဥ်ကြည့်မိသည်။
jkက ဘာလို့သူ့ကိုရွေးရတာလဲ
jkက ဂျွန့်ကို ငြီးငွေ့သွားတဲ့အချိန်ကျရင်
ထားခဲ့မှာလား
အခုရော jkက ဂျွန့်ကို စိတ်ကုန်နေပြီမို့
jiyeonနဲ့တွေ့နေတာလား
jiyeonပြောသလို ဂျွန့်ကို တကယ်ကြီး
အားနာနေခဲ့လို့ လမ်းခွဲမယ့်စကားကို
မပြောနိုင်ဖြစ်နေတာလား

"မဖြစ်နိုင်တာ jkက ဂျွန့်ကို ဒီလောက်ချစ်တာကို
ဒါ...ဒါပေမယ့်  jiyeonပြောပြတာသာမှန်နေမယ်ဆို jk ဂျွန့်ကို လမ်းခွဲစကားမပြောခင်
ဂျွန် အရင်စပြောရင်ကောင်းမလား"

"namjoon...namjoon ဘာတွေတွေးနေတာတုန်း ဟိုမှာ jkနောက်တစ်ဂိုးသွင်းသွားပြန်ပြီ"

jm ဂျွန့်ရဲ့ပုခုံးကို ဆွဲလှုပ်ကာ နားနားကပ်ပြီး
အော်၍ပြောသည်။ ဂျွန်လှမ်းကြည့်တော့
jkက ဂျွန့်ဘက်ကို လှမ်းကြည့်နေတာနဲ့ဆုံသည်။
Jkက ဂျွန့်ကို အာရုံစူးစိုက်ကာ ကြည့်နေသဖြင့်
ဂျွန်မလုံမလဲဖြင့် အရင်အကြည့်လွှဲမိသွားသည်။
ဂျွန် အချိန်ကိုကြည့်တော့  ဘောလုံးပွဲပြီးဖို့က
အချိန်က မိနစ်ပိုင်းသာလိုတော့သည်။
ဘယ်တုန်းက ဒီလောက်အချိန်ကိုရောက်သွားရတာလဲ...ဒုတိယတစ်ပိုင်းလုံး အတွေးတွေထဲ
နစ်မြောကာ ဘောလုံးပွဲကိုရော jkကိုရော
အာရုံမစိုက်နိုင်ခဲ့ပေ...အခု ပွဲကပြီးတော့မည်
ဂျွန်က jkနဲ့မျက်နှာချင်းဆိိုင်ရမှာလား
မဆိိုင်ရဘူးလား...

When I Become The Main Lead In FicWhere stories live. Discover now