အပိုင်း [၂၇]

246 25 2
                                    

ပွင့်လာသော lockerကို ကြည့်ပြီး ဂျွန်
စိတ်ပျက်လက်ပျက်ဖြစ်မိသွားသည်။
ဂျွန့်ရဲ့တစ်နေ့တာက ဒီလိုနဲ့စမှကိုဖြစ်မှာလား။ Lockerထဲရှိ ဂျွန့်စာအုပ်တွေက ကြေမွလို့နေသည်။ အဲ့ဒီသုံးယောက်ဘာလို့ ဒီလိုကလေးဆန်တာတွေလုပ်နေလဲမသိ။ ဒီလိုလုပ်လို့ရော
jiyeonက ပြန်ကြိုက်မယ်ထင်နေတာလားမသိဘူး။ jiyeonက သူတို့ကို အသုံးချနေခဲ့တာကို

"ဟင်း... "

ဂျွန် သက်ပြင်းပဲ ခဏခဏချနေမိသည်။
jkက အတန်းများပင် နားပြီး training
လုပ်နေရသဖြင့်ဂျွန်နဲ့အတန်းတူတူမတတ်ဖြစ်။ lockerကို ဆောင့်ပိတ်ပြီး အခန်းဆီသို့ထွက်လာခဲ့သည်။ ဂျွန်အခန်းထဲဝင်လာတာကိုကြည့်ပြီး jiyeonနဲ့ jbတို့သုံးယောက်ပြုံးစိစိဖြင့်ကြည့်
နေခဲ့သည်။အခု သူတို့4ယောက်က တစ်တန်းထဲမှာထိုင်နေခဲ့တာ။ ဂျွန် တအံ့တသြတော့မဖြစ်မိ။ အခု jbတို့သုံးယောက်ရဲ့နောက်ကွယ်မှာ
jiyeonရှိနေမှန်း အစကတည်းကသိသည်။
သူတို့ကလည်း အဲ့တာကို ဖုံးကွယ်ချင်သည့်
ပုံမပေါ်။ ဒါကြောင့်လည်း သူတို့လေးယောက်တစ်ဖွဲ့တည်းဆိုတာ ဂျွန့်ကိုသိအောင်ပြသည့်အနေဖြင့် တစ်ခါမှ မထိုင်စဖူး လေးယောက်အတူတူထိုင်နေခြင်းပင်။
ဂျွန်သူတို့ကို မျက်စောင်းထိုးလိုက်ပြီး jmနဲ့thဘေး ဝင်ထိုင်လိုက်သည်။ jmတို့က
စူပုတ်ပုတ်ဖြစ်နေသော ဂျွန့်ကိုကြည့်ပြီး

"ဂျွန် ဘာဖြစ်တာလဲ jkနဲ့ရန်ဖြစ်လာတာလား
စာသင်ဖို့ဟာအုပ်တွေကရော ဘယ်မှာလဲ"

th မေးတော့ ဂျွန်ခေါင်းရမ်းပြလိုက်ပြီး

"မဟုတ်ပါဘူး jkနဲ့အဆင်ပြေပါတယ်
စာအုပ်ကတော့ မရှိတော့ဘူး ကျောင်းထဲက
နွားသုံးကောင်ဖျတ်ဆီးပစ်လို့"

ဂျွန် နောက်ဆုံးစကားကို ပို၍ အသံကျယ်ကျယ်ဖြင့်ပြောလိုက်သဖြင့် အခန်းထဲရှိ သူတွေ
ဂျွန်တို့ရှိရာဘက်ကို လှည့်ကြည့်လာကြသည်။
သူကို ကြည့်နေသောအကြည့်တွေကို ဂရုမစိုက်ပဲ
jbတို့ရှိရာဘက်ကို လှည့်ကြည့်ကာ မျက်ခုံးတစ်ဖက်ပင့်ပြလိုက်ပြီး ပြုံးလိုက်မိသည်။
ဟိုသုံးယောက်ရဲ့မျက်နှာက ဒေါသထွက်ကာ
နီရဲနေသောမျက်နှာကို ကြည့်ပြီး ဂျွန့်ကျေနပ်နေမိသည်။ ဂျွန် jmတို့ဘက်ကို ပြန်လှည့်လိုက်ပြီး

When I Become The Main Lead In FicWhere stories live. Discover now