1

72.6K 830 23
                                    

Part - 1
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"နင်​သူ့ကိုတကယ်​ချစ်​တယ်​လို့ ထင်​လား​ ခေ"

ခေ့မျက်​နှာ​ကို​ သေ​သေချာချာကြည့်​ရင်း မေးလိုက်​သောအခါ​ ခေ ပခုံး​လေးတွန့်​ပြလိုက်​သည်​။​
ကော်​ဖီခွက်​ကို​ကောက်​ယူပြီးမှ မ​သောက်​ဖြစ်သေးဘဲ ဆိုင်အပြင်​ဘက်​ကိုလှမ်း​ကြည့်​လိုက်​သည့်​အခါ ကင်​မရာ​လေးတစ်​လုံးဖြင့်​ မြင်​ကွင်းတစ်​ခုကို ရှုထောင့်ပေါင်းစုံမှ အ​သေအချာချိန်​နေ​သော​ကောင်​လေးတစ်​ယောက်​…
​ခေက​တော့ ထွဋ်​လို့ပဲ​ခေါ်ပါသည်​။

"ငါ​မေး​နေတာကိုဟာ"

ငြူငြူစူစူထွက်လာသော ပီယအသံကိုကြားမှ ကော်ဖီကိုသောက်မလိုပြင်လိုက်ပေမယ့် မသောက်ဖြစ်ဘဲ ကိုင်ထားမိဆဲ။
တွဲတော့တွဲနေပေမယ့် အချစ်ကိုတော့ ခေမခံစားတတ်သေးပါ…

"ငါချစ်​ဖို့မလိုပါဘူးပီယရယ်​ သူကငါ့ကိုချစ်​တာပဲ ဒါပဲလိုတာ"

"သူ​ရောကိုယ်​ရောချစ်​မှ ပြည့်​စုံတယ်​လို့ နင်​မထင်​ဘူးလား"

​ခေပြုံး​လိုက်မိလေသည်​။
ပြီးမှ​ ကော်​ဖီကိုတစ်​ငုံ​သောက်​လိုက်​ကာ ပီယကို ရယ်​ကျဲကျဲနှင့်​ပြန်​ကြည့်တော့ ပီယသည် စိတ်​ပေါက်​ပေါက်​ဖြင့်​ အသံမထွက်အောင်ကြိတ်ဆဲလေသည်​။
ခေ့ရဲ့ပေါ့ပျက်ပျက်အမူအယာတွေကို ပီယက အမြင်အကတ်ဆုံး…

"​ကျော်​ပီယ"

"ဘာတုန်း"

"နင်​က​လေ အချစ်​ဆိုတာကြီးကို​ ခေါင်းထဲသိပ်​ထည့်​တာပဲ ကိုးကွယ်​လွန်းတယ်​"

"ငါကိုးကွယ်​နေတာမဟုတ်​ဘူး ချစ်​တာလို့ခေါ်တယ် ပချစ်ရဲ့Definitionက ဘာလဲသိလား သူ့အနား​နေရမယ်​ဆို ဘယ်​လောက်​ခံရခက်​တဲ့ နာကျင်​မှုမျိုးပဲဖြစ်​ပါ​စေ"

"​နေမယ်​ပေါ့"

"ဒါ​ပေါ့ နင့်မှာအဲ့လိုစိတ်ရှိလို့လား"

​ခေ့မျက်​နှာရှုံ့မဲ့သွားပြီး ကော်​ဖီခွက်​ကိုပြန်​ချကာ ပီယ​ရှေ့က မုန့်​တစ်ခုကိုလှမ်းယူလိုက်သည်​။
သို့သော်ပီယက​ ခေ့လက်​ကိုလှမ်းဖမ်းလိုက်​ကာ​ ခေါင်းခါပြလိုက်​တော့​ ခေသည်​ နောက်​တစ်​ဖက်​ဖြင့်​မုန့်ကိုလှမ်းယူပြန်​သည်​။
ဒီတစ်ခါလည်း ပီယကထိုလက်ကိုပါ ပုတ်ထုတ်ကာ မုန့်ပန်းကန်ကို သူ့ဘက်ပြန်ဆွဲယူ၍…

အချစ်ဝိုင်Where stories live. Discover now