17

21.6K 488 5
                                    

Part - 17
▪▪▪▪▪▪▪▪▪▪

"မိန်းမလည်းရပြီ ကျောင်းလည်းပြီးခဲ့ပြီဆိုတော့ လုပ်ငန်းလုပ်ဖို့စဥ်းစားတော့"

ညစာစားသည့်ထမင်းဝိုင်းမှာ ဖေဖေစကားစလာတော့ မော့မကြည့်ဖြစ်ဘဲ သူ ခေါင်းညိတ်လိုက်သည်။
ဖေဖေမပြောလည်း လုပ်ငန်းလုပ်ဖို့ ရည်စူးထားပြီးသားမို့ ညတိုင်းဆွဲနေခဲ့သည့်ဒီဇိုင်းတွေ၊ လေ့လာနေခဲ့သည့် ဈေးကွက်အကြောင်းတွေကိုတော့ ထည့်မပြောဖြစ်။
Bangkokကျောက်မြတ်လောကမှာ ထဲထဲဝင်ဝင်သိခဲ့ပြီးသူမို့ ကျောက်မြတ်လုပ်ငန်းထဲဝင်ဖို့က သူ့အတွက်အခက်အခဲမဟုတ်။

"သမီးလေး စားလို့ကောင်းရဲ့လား"

မေမေက သူမကိုအရိပ်တကြည့်ကြည့်ဖြင့် ဟင်းတွေခပ်ပေး၊ ရေထည့်ပေးရှိပေမယ့် သူမကတော့မျက်နှာကျောတင်းတင်းဖြင့် စကားပြောဖို့ဝန်လေးနေဟန်။
ထမင်းကိုလည်းဟုတ်တိပတ်တိမစားဘဲ ဘယ်သူ့စကားကိုမှလည်း နားမထောင်သလို ဘာအကြောင်းအရာဟုလည်း စိတ်ဝင်စားပုံလည်းမပေါ်...

"ကြက်ဥလိပ်ကြော်လေး စားကြည့် မေမေကိုယ်တိုင်ကြော်ထားတာ"

"ဟုတ်"

"ကျောင်းတက်ဖို့ရော ဘယ်လိုလဲ သွားဖို့လာဖို့အဆင်ပြေရဲ့လား သမီးအဖေက ဖုန်းဆက်သေးတယ် သမီးရဲ့ကားကိုပြန်ယူချင်တယ်ဆိုရင်..."

"မယူနဲ့ ဒီအတိုင်းထားလိုက် သူ့အပိုင်ကားရှိနေရင် အရင်လိုလေလွင့်နေဦးမယ် နဂိုကတည်းကလမ်းပျော်"

သူ ဝင်ပြောလိုက်တော့ ခေက မေမေ့ကိုမော့ကြည့်ရုံသာကြည့်ပြီး ထမင်းစားခြင်းကိုပဲအာရုံပြန်စိုက်လိုက်သလို နောက်ထပ်ဘာစကားသံမှထွက်မလာ။
ဖေဖေက သူ့ကိုရော ခေ့ကိုပါအကဲခတ်နေရင်း မေမေ့ကိုမျက်နှာရိပ်၊ မျက်နှာကဲပြလိုက်သည်နှင့်တူ၏။

ထမင်းစားဝိုင်းသည် ပြန်လည်တိတ်ဆိတ်သွားကာ ဇွန်းသံ၊ ပန်းကန်သံကလွဲလို့ ဘာသံမှထွက်မလာတော့။
ညစာစားပြီးတော့ သူမနှင့်မေမေက ပန်းကန်တွေဆေးဖို့၊ သိမ်းဖို့ကျန်နေခဲ့ကာ ဖေဖေနဲ့သူက ဧည့်ခန်းကိုရောက်လာသည်။

"မင်းကို Bangkokလွှတ်လိုက်ရခြင်းကို နားလည်လား အဲ့ဒီမှာရှာတတ်ရင် ရှာတတ်သလို ကျောက်သိပ်ပေါတယ် မိုးကုတ်မှာလည်းကျောက်ထွက်ပေမယ့် ကျောက်တွင်းတွေက အန္တရာယ်များတယ်ထင်လို့ မင်းသက်သာအောင် အဲ့ဒီကိုလွှတ်လိုက်တာ"

အချစ်ဝိုင်Tempat cerita menjadi hidup. Temukan sekarang