18

22.6K 513 14
                                    

Part - 18
▪▪▪▪▪▪▪▪▪▪

မနေ့ကကျော်ပီယလာသွားသည်ကို အခုမှသိလိုက်ရ၍ မကျေမနပ်ဖြစ်သွားပေမယ့် ဘာမှမပြောချင်တော့၍ ရေသောက်ပြီးအခန်းထဲရောက်ရုံသာရှိသေးသည်။
ဖြစ်သလိုစုပုံထားသည့်အိတ်တွေနဲ့အတူ ဖိတ်စာတစ်စောင်ကိုတွေ့လိုက်၍ မျက်မှောင်ကုတ်သွားမိကာ လှမ်းယူပြီးဖွင့်ကြည့်လိုက်၏။

ဖိတ်စာကိုကောက်ယူကြည့်မိမှ ဒေါသဖြစ်လာကာ သူ တဆတ်ဆတ်တုန်လာပြီး ဖိတ်စာလေးကို အစိပ်စိပ်အမွှာမွှာဖြစ်သွားသည်အထိ ဆုတ်ဖြဲပစ်လိုက်သည်။
ကျော်ပီယနဲ့မခရဲ့ဖိတ်စာဖြစ်ပေမယ့် ဒီလိုနာမည်ရေးဖို့က သူမရဲ့အကြံအစည်ပါကိုပါရမည်မို့ သူမကို ခံပြင်းသွားသည်။
ထိုအချိန်ရေချိုးခန်းထဲက သဘက်အင်္ကျီအဖြူဖြင့် ဆံပင်တွေကိုရေသုတ်ရင်း ထွက်လာသည့်သူမက တစ်ချက်သာလှမ်းကြည့်ပြီး မှန်ရှေ့မှာထိုင်လိုက်သည်။

"မင်း တော်တော်မှ ပျော်ရဲ့လား"

သူ့စကားကြောင့် ခေက ဆံပင်အဖျားလေးတွေကို သဘက်နှင့်သုတ်နေရင်း ပြုံးသည်။
မှန်ထဲကမြင်လိုက်ရသည့်ထိုအပြုံးသည် ဒဏ်ရာဖြင့်မပြေးနိုင်တော့သည့်သားကောင်ကို တွေ့လိုက်သော မုဆိုးတစ်ယောက်၏အပြုံးလို သွေးအေးနေသည်ဟု သူထင်မိသည်။

"ရှင်နဲ့ဘာမှမဖြစ်ခင်ကတည်းက ဖိတ်စာကို အဲ့ဒီအတိုင်းရိုက်ဖို့ရှိတာလေ အခုမှပြောင်းလဲသွားတာမှမဟုတ်ဘဲ Aww ဟုတ်သားပဲ ပီယကိုမပြောလိုက်ရဘူး တကယ်ဆို မင်းစေရာနဲ့ခရေဝိုင်ဆိုပြီး ပါရမှာနော"

သူမ ပြောနေရင်းသဘောကျစွာရယ်နေပြန်တော့ ထိုရယ်သံတွေက သူ့ကိုပိုပြီးဒေါသဖြစ်စေသည်။
သို့သော် သူ ဒေါသဖြစ်၊ စိတ်တိုနေ၍ ခေသဘောကျပြီးရယ်နေသည်မို့ တစ်ဖက်မှာလည်းကျေနပ်ရသေးသည်။
တကယ် လူဆိုးမလေး...

"OKပါ နာမည်ချင်းကပ်နေမှ အတူရှိတာမဟုတ်ပါဘူး မဟုတ်လည်း မင်းကငါ့မိန်းမအဖြစ်ရှိနေတုန်းပဲ ငါနဲ့တစ်ခန်းတည်းနေရတုန်းပဲ ငါမင်းကို လုပ်ချင်သလိုလုပ်လို့ရနေတုန်းပဲ အဟွန်း.."

ရဲခနဲဖြစ်သွားသည့်မျက်နှာလေးက ရှက်သွားသောကြောင့်လား၊ ဒေါသတွေကြောင့်လားမသိဘဲ သူမ အပြုံးတွေရပ်သွားကာ သူ့နဲ့မျက်နှာချင်းဆိုင်လှည့်လာပြီး ခြေချင်းချိတ်ထိုင်လိုက်သည်။
ဒူးလောက်သဘက်အင်္ကျီလေးကြောင့် သူမခြေသလုံးသေးသေးလေးတွေကို အတိုင်းသားမြင်နေရကာ ထိုခြေထောက်ကလေးတွေဟာ သူ့ကို အာခေါင်ခြောက်သွေ့လာစေသည်။
ဘာမှထုတ်ဖော်ပြမထားပါဘဲ ခေ့ကိုတွေ့တိုင်း သူ့စိတ်တွေ ဘာကြောင့်မှောင်မိုက်လာသလဲမသိ...

အချစ်ဝိုင်Where stories live. Discover now