42

26.1K 620 23
                                    

Part - 42
▪▪▪▪▪▪▪▪▪▪

"ကိုမင်း လမ်းလျှောက်နေပြီလား"

မခက ကားပေါ်ကဆင်းကတည်းက ခြံထဲမှာလမ်းလျှောက်နေသည့် သူ့ကိုပြေးတွဲကာ နောက်မှဆင်းလာသော ပီယကလည်းပြုံးနေလျက်။

"အင်း နည်းနည်းတော့ခက်ခဲနေသေးတယ်"

"နောက်ဆိုဖြစ်သွားမှာပေါ့ ခုတောင် အတော်သွက်နေပြီပဲကို"

"အင်း ဘယ်ကလှည့်ဝင်လာတာလဲ"

"ဒီကိုပဲလာတာ ကိုမင်းသတိပြန်ရလာတော့လည်း မလာရဘူး ခေနဲ့လည်းမတွေ့တာကြာလို့ ခေကဖုန်းဆက်ခေါ်နေတာ"

အိမ်ဘက်ကိုမေးငေါ့ပြီး မခပြောတာမို့ လှမ်းကြည့်မိတော့ ကားနားမှာ ကျော်ပီယနဲ့ရပ်ပြီးစကားပြောနေသော သူမ။
ဒူးလောက်ဂါဝန်အနီရဲရဲလေးဖြင့် ဆံပင်တွေကို ဖြစ်သလို ထိုးသိပ်ညှပ်တင်ထားသည့် အိမ်နေရင်းပုံစံလေးက ဘာမှလိမ်းမထားပါဘဲ ချစ်စရာကောင်းနေသည်။
သူငယ်ချင်းနှစ်ယောက် ဘာတွေပြောနေကြသည်မသိဘဲ တဖြည်းဖြည်းသူတို့နားနီးလာတော့မှ စကားတချို့ကိုကြားလိုက်ရ၏။

"လေးလေးကလေ မပြောချင်တော့ဘူးသိလား ကပ်စေးနှဲစရာမရှိ ရှာကြံနှဲနေတာ ညကျမှငါဖုန်းဆက်လိုက်မယ်"

"အေး ကျေးဇူး"

အနားရောက်လာသည့်သူမက မခကိုဖတ်ခနဲလှမ်းရိုက်ကာနှုတ်ဆက်ပြီး သူ့လက်မောင်းကိုတွဲရင်းမော့ကြည့်သည်။

"ညောင်းနေပြီလား"

"မညောင်းပါဘူး ဒါပေမယ့်အားမရသေးဘူး မြန်မြန်ပြန်ကောင်းချင်ပြီ"

"မြန်မြန်ပြန်ကောင်းချင်ရင် Bangkokသွားကုလေ"

မဲ့ရွဲ့ပြောလိုက်သည့်မျက်နှာကိုကြည့်ရင်း ရယ်ချင်သွားပေမယ့် သူမကိုစချင်တာကြောင့် စဥ်းစားသလိုလုပ်နေလိုက်သည်။
ဒါကိုပဲ ခေက ကြည့်မရဖြစ်သွားပြီး နှုတ်ခမ်းစူလာ၏။

"အင်း.. ဟုတ်တယ်နော အဲ့ဒါမဆိုးဘူး အဲ့မှာပယင်းလည်းရှိတယ်"

"ကြည့်စမ်း"

သူမမျက်နှာလေးပိုပြီးစူပုတ်သွားကာ လက်သည်းချွန်ချွန်လေးတွေဖြင့် လက်မောင်းကိုဆိတ်တော့ စူးခနဲဖြစ်သွားသည်။

အချစ်ဝိုင်Where stories live. Discover now