40

25.5K 578 16
                                    

Part - 40
▪▪▪▪▪▪▪▪▪▪

အိမ်ကိုရောက်တော့ သူ့အခန်းဆီမှစကားသံတွေ ကြားလိုက်ရပြီး ဘယ်သူတွေရောက်နေသလဲဟု သိချင်သွားမိသည်။
အခန်းထဲမှာ မေမေက ဧည့်ခံစကားပြောနေကာ ထိုဧည့်သည်တွေသည် သူရဲ့ဆိုးဖော်ဆိုးဖက်သူငယ်ချင်းတွေဖြစ်ကြပြီး ထိုင်သူကထိုင်၊ မတ်တပ်ရပ်သူကရပ်နေကြ၏။

အခန်းရှေ့မှာပဲ ခေ ခြေလှမ်းတွေရပ်သွားမိတော့ အားလုံးရဲ့အကြည့်က ခေ့ဆီရောက်လာကြပြီး ဝတ်ကျေတမ်းကျေပြုံးပြကြပြန်သည်။
အကြောင်းမကြား၊ ဘာမကြားဖြင့် သူတို့တွေရောက်လာကြသည့်အတွက် သူတစ်ခုခုများဖြစ်သလားဟု ခေ ထိတ်လန့်သွားမိတာကတော့ အမှန်ဖြစ်သည်။

"လူနာလာမေးကြတာလား"

"ဟုတ်တယ် ဒီကောင် ဒီလောက်အထိဖြစ်နေတယ်လို့မသိခဲ့ဘူး အဲ့ဒါကြောင့်အခုမှရောက်လာတာ"

ခေ ပြုံးရုံလေးသာပြုံးလိုက်ပြီး စိတ်ထဲဝမ်းနည်းသွားမိသည်။
သူတို့တွေသည် သွေးသောက်ညီအစ်ကိုတွေလို ဆိုးတူကောင်းဖက်တွေပဲမို့ အကယ်၍များ သူသာသတိရှိနေခဲ့လျှင် ဟိုတစ်ခါကလို ဆဲဆိုကြိမ်းမောင်းနေမည်ထင်၏။
ဒီလူတွေဟာလည်း ခေ့ကိုသဝန်တိုလွန်းသောသူ့ကို မထိတထိလိုက်စနေကြမည်ထင်၏။

"သားတို့စကားပြောကြဦးနော် အန်တီ တစ်ခုခုလုပ်ပေးမယ်"

မေမေ့စကားကိုလည်း ဘယ်သူမှပြန်မပြောကြဘဲ အိပ်ပျော်နေသည့်အတိုင်း ငြိမ်သက်နေသောသူ့ဆီကိုသာ အကြည့်ပြန်ရောက်သွားကြသည်။
အပူအပင်ကင်းမဲ့နေသော သူ့မျက်နှာကြောင့် ခေ သဝန်တိုသွားမိကာ ခေ့မှာတော့ သူအိပ်နေသည့်အတွက် ပူလောင်နေခဲ့ရတာမလား…

"ဆရာဝန်က ဘာပြောလဲ ခေခေ"

"သတိပြန်ရနိုင်တယ်လို့ပဲပြောတာ ဒါပေမယ့်  အချိန်ဘယ်လောက်ကြာမှ ပြန်နိုးလာမလဲတော့ မခန့်မှန်းနိုင်ကြဘူးတဲ့ တစ်နှစ်ကြာရင်ကြာနိုင်မယ် ၃နှစ်ကြာရင်ကြာနိုင်မယ်
ဒါမှမဟုတ်လည်း ပြန်နိုးမလာတော့ဘဲ ဒီအတိုင်း.."

ခေ့ရင်ထဲဆို့နစ်သွားသလို မျက်ရည်တွေဝဲတက်လာရင်း စကားတွေသည်လည်း ရပ်တံ့သွားမိသည်။
ထိုအခါ သူ့သူငယ်ချင်းတွေအားလုံးက လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး ငိုတဲ့သူကငို၊ ခေ့ပခုံးကိုဖျစ်ညှစ်ကာ အားပေးသူကပေး…

အချစ်ဝိုင်Where stories live. Discover now