46

28.8K 526 9
                                    

Part - 46
▪▪▪▪▪▪▪▪▪▪

မန္တလေးကိုဒီနေ့ပြန်ဆင်းမှာမို့ ဖေဖေ့ကိုနှုတ်ဆက်နေချိန် ခေကအခန်းထဲကပြေးဆင်းလာ၍ မျက်မှောင်ကုတ်ပြီးလိုက်ကြည့်နေမိသည်။
ဖေဖေ့ကိုသာစကားပြောနေပေမယ့် သူမ ချော်ကျသွားမလားဟု လိုက်ကြည့်နေမိသဖြင့် ဖေဖေက ပြုံးကာ ခေ့ကိုလှည့်ကြည့်သည်။

"ဖေဖေ့ကို ကလေးလုပ်ပြီးမှာမနေနဲ့ ငါ့သား မင်းကလေးကိုပဲ မင်းထိန်း"

ဖေဖေ့စကားကြောင့်ပြုံးမိစဥ်မှာ ဖေဖေကခြံထဲဆင်းသွား၍ ခေ့ကိုအနားလာဖို့ခေါ်လိုက်သည်။
သူမက Vပုံစံလည်ပင်းဖြင့် ပန်းနုရောင်လက်ပြတ်အင်္ကျီနှင့် ဘောင်းဘီအရှည်ပွပွလေးဝတ်ထား၍ ရှိရင်းစွဲအသက်ထက် ပိုပြီးနုငယ်နေ၏။
မျက်နှာလေးကို ပန်းနုရောင်ပြေပြေလေး ခြယ်ထားသည်မှာလည်း တစ်နေကုန်ထိုင်ကြည့်နေချင်စရာ။
သူချစ်ရသည့် ဟိုးအရင်ကပုံစံလေးဖြစ်ပြီး သူမျှော်လင့်ခဲ့သလို သူ့ကိုဆိုးနွဲ့အနိုင်ယူတော့မည့်ကောင်မလေး...

"ဘာလို့ခုန်ပေါက်နေတာလဲ ခေရယ် ချော်လဲသွားရင်ဘယ်လိုလုပ်မလဲ"

"ရှင်ရှိနေတာပဲ ထူပေးလေ"

"မထိခိုက်တော့ပိုမကောင်းဘူးလား ကားပေါ်ကနေသွားစောင့်နေ ကိုယ်ယူစရာရှိသေးလို့"

ခေက ခေါင်းညိတ်ကာ အပြင်ထွက်သွားတော့ သူလည်း အပေါ်ထပ်ကိုပြန်တက်လာခဲ့သည်။
ယူစရာရှိသည့်ကျောက်ဘူးတွေယူပြီး အောက်ကိုပြန်ရောက်တော့ မင်းယံက ဧည့်ခန်းပြတင်းပေါက်ကနေ အပြင်ကိုငေးနေ၏။

သူက အိမ်အကူတစ်ယောက်ကို ခေါင်းညိတ်ခေါ်ကာ ကျောက်ဘူးတွေကို ကားပေါ်သွားပို့ခိုင်းလိုက်ပြီး မင်းယံအနားကိုရောက်လာသည်။
ခေက အိမ်ရှေ့ပန်းပင်တွေအနားမှာ ဖုန်းပြောရင်း ဘာတွေသဘောကျနေသည်မသိဘဲ ရယ်နေသည်မှာ ဒီကနေကြားနေရသည်။

"လှတယ်မလား"

သူ့အသံကြောင့် မင်းယံ ဆတ်ခနဲဖြစ်သွားပြီး ခေ့ဆီကနေ အကြည့်လွှဲကာ ဘာမှပြန်မပြောဘဲငြိမ်နေသည်။

"အဲ့ဒီမိန်းကလေးပေါ့ သူ့အတွက်နဲ့ ငါရင်ဆိုင်ခဲ့ရတာတွေအများကြီးပဲ စွန့်လွှတ်ခဲ့ရတာတွေလည်းရှိတယ် ငါ့အသက်ထက် သူ့ကိုပိုချစ်တယ်"

အချစ်ဝိုင်Where stories live. Discover now