30

23.4K 553 29
                                    

Part - 30
▪▪▪▪▪▪▪▪▪▪

ဒီနေ့တော့ ခေတစ်ယောက်တည်းကျောင်းကပြန်လာရင်း အိမ်ရှေ့မှာပဲ စကားရပ်ပြောနေကြသည့်ဟိုအမျိုးသမီးနှင့် သူ့ကိုတွေ့လိုက်သည်။
ခေ့မျက်နှာလေး တင်းခနဲဖြစ်သွားပေမယ့် သူဟာ ဒီလိုပွေတတ်သူမှန်းပြန်သတိရလိုက်ရင်း မမြင်ချင်ယောင်ဆောင်ကာ ခြံတံခါးဆီကိုပဲလျှောက်လာခဲ့သည်။
ခေ သူ့ကိုမယုံရဲတာ အပြစ်ရှိရဲ့လား...

"မင်း နေဦး"

ထိုအမျိုးသမီးက ခေ့လက်ကိုလှမ်းဆွဲတော့ ခေ ကြောင်အ,သွားပေမယ့် သူကတော့ ဒေါသဖြင့်မျက်နှာတင်းမာသွားသည်။

"မင်း သူနဲ့ကွာရှင်းတော့မယ်ဆို"

"မင်းပါးစပ်ကိုပိတ်ထားစမ်း ပယင်း လက်ကိုလွှတ်လိုက်"

"မောင် ဘာဖြစ်လို့ အဲ့လောက်ထိဆတ်ဆတ်ခါနေတာလဲ ပယင်းက မောင့်ချစ်သူပါ"

"မင်းနဲ့ငါပြတ်ခဲ့ပြီးပြီလို့ ဘယ်နှခါပြောရမှာလဲ ပယင်း"

ထိုအချိန်အထိ ခေ ဘာပြန်ပြောရမလဲမသိသေးဘဲ သူသည် ခေ့လက်ကိုမလွှတ်သေးသည့် ထိုအမျိုးသမီးကိုတွန်းဖယ်ပစ်၏။
ယိုင်နဲ့သွားသည့်ထိုအမျိုးသမီးကို ​အေးစက်စက်ကြည့်ရင်း ခေ့ကို ခါးလေးမှဖက်ကာ သူ့ဘက်ဆွဲယူကာ ခါးကိုဖက်ထားလိုက်ပုံက ပိုင်နိုင်မှုအပြည့်။

"ငါ့မိန်းမကိုမထိနဲ့"

ဟိုအမျိုးသမီးကို​တော့ အေးစက်တင်းမာစွာပြောရင်း ခေ့ကိုဖက်ထားသည့်လက်တွေက ပိုပြီးတင်းကျပ်လာ၍ သူဖက်ထားသည့်အတိုင်း ငြိမ်နေလိုက်သည်။

"မောင်"

"မင်းတော်ပါတော့ ပယင်းရယ် ငါ့ထက်သာတဲ့လူတွေအများကြီး မင်းရွေးလို့ရပါတယ် မမိုက်မဲစမ်းပါနဲ့"

"မောင် ဘာဖြစ်လို့ ပယင်းအပေါ်ဒီလိုလုပ်ရတာလဲ မောင်ပြောတော့ မူးယစ်ဆေးတွေထက်တောင် ပယင်းကဆွဲဆောင်မှုရှိတယ်ဆို"

"အခုမရှိတော့ဘူး ငါကလူပဲ စိတ်ခံစားချက်တွေပြောင်းလဲနိုင်တာပဲ မင်းနဲ့မူးယစ်ဆေးထက်တောင် ပိုပြီးဆွဲဆောင်နိုင်တာတစ်ခုရှိနေလို့ လို့ ဖြေတွေးပေါ့"

အချစ်ဝိုင်Where stories live. Discover now