ဇာတ်သိမ်းပိုင်း

30.4K 547 22
                                    

Part - 49 ( ဇာတ်သိမ်းပိုင်း )
▪▪▪▪▪▪▪▪▪▪

"မင်းကို ငါခွင့်မလွှတ်နိုင်ဘူး"

တစ်ခွန်းတည်းပဲသူပြောလိုက်တော့ မင်းယံခေါင်းငုံ့သွားသလို ဖေဖေကလည်းဘာမှဝင်မပြောဘဲ ငြိမ်နေ၏။
ခေကတော့ သဘောမတူချင်သလိုမျက်နှာလေးဖြစ်နေပေမယ့် သူ ဂရုမစိုက်။
ဒီကောင်လုပ်ခဲ့သည့်ကိစ္စဟာ ဘယ်လောက်ဆိုးဝါးသလဲ။
သူ့မှာသာ You Tubeမှာတင်သည့်videoတွေသာ မရှိခဲ့လျှင် သူ သို့မဟုတ် မင်းထက် ထိခိုက်မှာသေချာ၏။

"မင်းမှာလည်း ထိုက်သင့်တဲ့ပညာရှိနေပြီ မင်းခြေမင်းလက်အကောင်းကြီးပဲ အခုကစပြီး မင်းဘဝကိုပဲမင်းဆက်လျှောက်တော့ Starlightရော ငါတို့မိသားစုပါ မင်းနဲ့မသက်ဆိုင်တော့ဘူး"

ညီတစ်ယောက်ဖြစ်နေပေမယ့် အမေမတူသည့်ညီဖြစ်နေသည့်အပြင် သူ့အပေါ်ကိုဒုက္ခပေးသည့်ညီ။
သူ အသက်မကချစ်ရသော မိန်းကလေးကို လုယူချင်သည့်ညီမို့ စိတ်ထဲခါးသီးနေကာ မျက်နှာကိုမမြင်ချင်။

ဖေဖေရော၊ မေမေပါရှိနေပေမယ့် သူ့စိတ်တိုင်းကျဆုံးဖြတ်ခွင့်ပေးထားသလို အခုချိန်ထိတစ်ခွန်းမှဝင်မပြောသေး။
မင်းထက်ကတော့ မင်းယံကိုကြည့်ပြီးစိတ်မကောင်းသလိုရှိနေပေမယ့် သူ့ကိုအတွန့်မတက်ရဲ။

"ငါ့ဆုံးဖြတ်ချက်က မင်းနဲ့ထိုက်တန်သလား မင်းယံ"

"တန်ပါတယ် အစ်ကို ကျွန်တော်လက်ခံပါတယ်"

"Ok အားလုံးကြားတယ်နော် သူ့ကိုတွေ့ချင်တဲ့သူ သွားတွေ့လို့ရတယ် ဆက်သွယ်ချင်သွယ်လို့ရတယ် ဒီကောင် ငါတို့မိသားစုမှာ ခြေမချရတော့ဘူးဆိုတာကိုတော့ သတိရကြ"

အားလုံးလက်ခံလိုက်ကြသည့် ဆုံးဖြတ်ချက်ဟာ ထိုနေရာမှာပဲ ပြီးသွားပေမယ့် ခေကတော့မပြီးနိုင်။

"အဲ့လောက်ထိလုပ်လို့ လိုလို့လား ကာလအပိုင်းအခြားနဲ့ဆို ရရဲ့သားနဲ့"

"မရဘူး အဲ့ဒီပြဿနာကို ကိုယ်မရှင်းနိုင်ခဲ့ရင် မင်းရှေ့မှာ ဒီကောင်ရပ်နေနိုင်မှာမဟုတ်ဘူး ပိုပြီးခွင့်မလွှတ်နိုင်တာက မင်းကိုထိပါးလာတာပဲ"

အချစ်ဝိုင်Where stories live. Discover now