10

21K 461 14
                                    

Part -  10
▪▪▪▪▪▪▪▪▪▪

"ငါတို့ထွက်ခဲ့ပြီ ခေ"

မက်ဆေ့ဝင်လာတော့ ခေသည်ဖုန်းကိုပြန်ချထားလိုက်ပြီး မျက်မှန်ကိုကောက်တပ်လိုက်သည်။
သူတို့မေမေ့ရဲ့ခိုင်းစေချက်ကြောင့် ကျောက်ဆည်ကိုမောင်နှမ နှစ်ယောက်အတူထွက်လာမည်ဟု မခက ပြောသည်။
အတွင်းလူအဖြစ် မခနဲ့မခရဲ့အမေပါ ပါသည်မို့ ခေတို့planအောင်မြင်ဖို့အတွက်က ပိုပြီးလမ်းပွင့်နေ၏။

ကျောက်ဆည်သို့သွားမည့်လမ်းသည်လည်း ရှင်းလင်းလျက်ရှိနေသည်မို့ ခေတို့ကြံစည်ထားသမျှ အောင်မြင်မှာသေချာသည်။
ခေက ပီယရဲ့ကားကိုယူလာ၍ ဒီကိစ္စမှာ ခေပါလိမ့်မည်ဟု မင်းစေရာ ရိပ်မိမှာတော့မဟုတ်။

"နင့်ကားက သူနဲ့တိုက်ဖူးတယ်လေ ပီယရဲ့ သူမှတ်မိရင်မှတ်မိနေမှာပေါ့ ငါ့ကားပဲယူခဲ့မယ်"

"မယူနဲ့ တိုက်မိထားမှန်းငါသိတယ် ခေ ငါလုပ်တာလို့ပဲထင်စေချင်တာ နင်ပါတယ်လို့ ဘယ်သူမှမသိစေချင်ဘူး"

အစီအစဥ်တစ်ခုလုံး ခေ့ရဲ့Planမို့ ဒီတစ်ခုကိုတော့ ပီယရဲ့သဘောထားအတိုင်းသာ လိုက်လျောလိုက်သည်။
ထွဋ်ကတော့ ခေ ခိုင်းသမျှအကုန်လုပ်ပေးတတ်သူမို့ ထူးပြီးညှိနေစရာမရှိသလို တိုင်ပင်တုန်းကလည်း နှုတ်ဆိတ်နေသည်။

"ပီယ နင်တို့ဘယ်မှာလဲ"

"မြစ်ငယ်မှာငါတို့ရောက်နေပြီ မခတို့တော့မလာသေးဘူး"

"ဂရုစိုက်နော် နှစ်ယောက်လုံး ဂွင်ကောင်းရင် မင်းစေရာကိုခေါင်းကွဲအောင်ပါချပစ် ကြားလား"

ခေ့စကားကြောင့် ရယ်သံတွေထွက်လာ၍ ခေ ဖုန်းကိုပြန်ချပြီး ခရီးစဥ်ကိုစိတ်တွက်နဲ့ တွက်နေမိသည်။
မြစ်ငယ်ရဲ့ မြောက်ဘက်လမ်းသည် ဟိုက်ဝေးလမ်းဖြစ်ပြီး ကားအသွားအလာရှင်းသည်မို့ ထိုနေရာမှာပဲ ဖြုတ်ချဖို့ ခေ့စိတ်ထဲမှတ်ထားလိုက်သည်။
နာရီဝက်လောက်ကြာတော့ ပီယဆီက ဖုန်းဝင်လာပြီး ပီယက မခတို့ကားနောက်က ခပ်ခွာခွာလိုက်လာသည်ဟု ဆိုသည်။

"နင်က ဘယ်မှာလဲ ခေ"

"စဥ့်ကိုင်မှာ"

"ငါတို့ရောက်တော့မယ်"

အချစ်ဝိုင်Where stories live. Discover now