21

23.5K 495 11
                                    

Part - 21
▪▪▪▪▪▪▪▪▪▪

ဝရံတာမှာ စားပွဲသေးသေးလေးဖြင့် စာလုပ်နေသော ခေ့ကိုကြည့်နေရင်း သူမရဲ့လှုပ်ရှားမှုလေးတွေကြောင့် သူအလိုလိုပြုံးနေမိသည်။
မေမေနှင့်အပေးအယူမျှလာသည့်သူမက သူ့ကွယ်ရာမှာ စကားတွေပြန်ပြောလာပြီဖြစ်ကာ ရယ်ရယ်မောမောရှိလာပြီဖြစ်သည်။

ညနေက သူပြန်ရောက်နေသည်ကိုမသိသေးသော ခေက မီးဖိုခန်းမှာ လက်ဖက်သုပ်စားကြရင်း မေမေ့ကိုရော၊ ဒေါ်ကြီးသီကိုပါ ရယ်ရယ်မောမောဖြင့်စကားတွေပြောနေခဲ့သည်။
သူ ချစ်ခဲ့ရသည့်ပုံစံလေးဖြင့် ပြုံးလိုက်၊ ရယ်လိုက်မို့ ထိုမျက်နှာလေးကို တံခါးအကွယ်ကပဲ ချောင်းကြည့်ခဲ့ရင်း သူ ပြုံးမိသည်။
အနည်းဆုံးတော့ ကိုယ့်အသိုင်းအဝိုင်းမှာ သူမ နေတတ်လာပြီပဲ။

"ဟဲ့ ငါ့ကို major 3က ပုစ္ဆာလေးတစ်ချက်ပြောပြ"

အခုလည်းခေက ဘယ်သူ့ဆီအသံဖိုင်ပို့နေလဲမသိဘဲ ခါတိုင်းလို စွာကျယ်ကျယ်လေးပြောနေတာမို့ သဘောကျရလွန်း၍ အသံမထွက်အောင်ရယ်မိပြန်သည်။
ဘယ်ဘဝကဆုတောင်းတွေကြောင့် ခေလုပ်သမျှအရာတိုင်းဟာ ချစ်စဖွယ်ဖြစ်နေသလဲ...

"အဲ့လိုတွက်ရတာတော့သိတယ် အဖြေကတစ်မျိုးကြီးဖြစ်နေတယ် နင့်အဖြေနဲ့ငါ့အဖြေမတူဘူး"

အဖြေမတူသည်ကို စိတ်ဆိုးနေသလို၊ စိတ်ရှုပ်နေသလို မျက်နှာလေးက ဘယ်လိုအသည်းယားစရာကောင်းမှန်းမသိ။
ထိုမျက်နှာလေးကို စိတ်ရှိလက်ရှိပွေ့ဖက်ပြီး နမ်းပစ်လိုက်ရင် ဘယ်လောက်ကြည်နူးစရာကောင်းလိုက်မလဲ။
အသည်းတယားယားဖြင့် တစ်ယောက်တည်းပြုံးနေမိချိန် ဖုန်းဝင်လာ၍ သူ ကျွတ်ခနဲဖြစ်သွားပြီး ဖုန်းကိုကိုင်လိုက်သည်။

"ပြော"

"ပယင်း ငါ့ဆီဖုန်းဆက်တယ်"

"ပယင်း"

"အေး မင်းဆီဖုန်းဆက်လို့မရလို့တဲ့"

"ထားလိုက်ကွာ"

"ထားလို့မရဘူး မနက်ဖြန်သူလာမှာတဲ့ မင်းလက်ထပ်သွားပြီဆိုတာကိုမယုံဘူးတဲ့ အဲ့ဒါမင်းကိုလှမ်းပြောတာ"

သူ နောက်ထပ်ကျွတ်ခနဲဖြစ်သွားပြီး ဖုန်းကို လက်ပြောင်းကိုင်လိုက်တော့ ကျော်ဇင်ကဆက်ပြော၏။

အချစ်ဝိုင်Where stories live. Discover now