32

23K 579 18
                                    

Part - 32
▪▪▪▪▪▪▪▪▪▪

"ခေရေ ညစာစားရအောင်"

မခလာခေါ်တော့ ခေအိပ်နေတာဖြစ်ပြီး အခန်းကအထွက်မှာ သူဆင်းလာမလားဟု အပေါ်ထပ်ဆီကိုတစ်ချက်လှမ်းကြည့်မိသေးသည်။
ဂါဝန်လေးကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ခါးစည်းကြိုးလေးကိုစည်းကာ ဆံပင်တွေကို ညှပ်ကလေးတစ်ခုနှင့် ဖြစ်သလိုညှပ်လိုက်သည်။

ထမင်းစားခန်းကိုရောက်တော့ ဦးက စားပွဲထိပ်မှာထိုင်နေကာ ဦးအပြင် ပီယတစ်ယောက်သာရှိသည်။
လိုအပ်တာလုပ်ပေးဖို့ အိမ်အကူတွေက ဘေးမှာရပ်နေကြပြီး ထမင်းစားပွဲမှာ သူ မရှိ။

"ခေ ထိုင်လေ"

မခကိုယ်တိုင် ထိုင်ခုံတစ်လုံးဆွဲပေးတော့ ခေ ဝင်ထိုင်လိုက်ပြီး မခက ခေ့အနားကပ်ထိုင်ကာ ဦးကိုအရင်ဦးချသည်။

"ဖေဖေ များများစားနော် သမီးကိုယ်တိုင်ချက်ထားတာ"

"စားရခဲမျှ ငါ့သမီးလက်ရာလေး"

"ကို လည်းစား"

ပီယထမင်းပန်းကန်ထဲကို မခ ဟင်းခပ်ထည့်ပေးတော့ ခေ သူ့ကိုသတိရသွားသည်။
အိမ်မှာအတူထမင်းစားဖြစ်တိုင်း ခေ့ဘက်ကအဲ့လို သိတတ်နူးညံ့မှုမှမရှိခဲ့ဘဲ အတတ်နိုင်ဆုံးမသိဟန်ဆောင်ပြီး ကျောပေးခဲ့သည်။
ထိုအတွေးကြောင့် အိမ်အပေါ်ထပ်က အခန်းဆီလှမ်းကြည့်မိသည်။
သူရော၊ ဘယ်လိုတွေစားနေတာလဲ....

"မင်းစေအတွက်က အပေါ်ကိုပဲပို့ပေးရတယ် သူ့အတွက်အားရှိစေမယ့်အစားအသောက်ကို ဆရာဝန်က စာရင်းလုပ်ပေးထားတယ် အဲ့ဒီလိုပဲချက်ပြီး တစ်ရက်၃ခါသွားပို့ရတာ"

ဦးရဲ့ဖြေရှင်းချက်ကြောင့် ခေ့ဆီကိုမျက်လုံးတွေ စုပုံရောက်လာတော့ ခေ မသိသလိုခေါင်းလေးငုံ့ပြီး ထမင်းတစ်ဇွန်းစားသည်။
သူ့ကိုခေစိတ်ပူနေတာက အရမ်းသိသာနေသလား။

"ခေလည်း များများစား ငါကိုယ်တိုင်ချက်ထားတာ နင်ကြိုက်တဲ့ ငါးခေါင်းဟင်းရည်ရော ငါးဖယ်လေးတွေပါ ပါတယ် စားကြည့်"

ခေ ခေါင်းလေးညိတ်ကာ ဘယ်မှမကြည့်တော့ဘဲထမင်းစားတော့ ပီယက ခေ့ကိုအရိပ်အခြေကြည့်ပြီး အကဲခတ်နေ၏။
မခကတော့ စကားတွေရွှန်းရွှန်းဝေအောင်ပြောနေသည်က ခေ့ကိုစိတ်ပြေဖို့အတွက် ဂရုတစိုက်ရှိမှန်းသိသာသည်။
ထမင်းစားပြီးတော့ ဦးက အလုပ်သမားတွေနှင့်ကိစ္စရှိသေးသည်ဆိုပြီး အိမ်အပြင်ထွက်သွား၏။

အချစ်ဝိုင်Where stories live. Discover now