28

21.5K 491 2
                                    

Part - 28
▪▪▪▪▪▪▪▪▪▪

"ငါ မင်းကိုကျောင်းလိုက်ပို့ပေးမယ်"

မိတ်ကပ်လိမ်းနေတုန်း သူ့ဆီကထွက်လာသောစကားကြောင့် ခေ အံ့ဩသွားမိသလို လှည့်ကြည့်မိတော့ သူကတော့ ခေ့ကိုမကြည့်ဘဲ Laptopကိုပဲကြည့်နေခဲ့၏။
ဘယ်လောက် သနားမိတယ်ဆိုဆို ခေ သူနဲ့အတူတူအပြင်မသွားချင်…

"ခေက ပီယကိုဖုန်းဆက်ပြီးပြီ"

"မလာတော့ဖို့ ငါထပ်ဆက်ပြီးပြီ မင်းပြီးရင်အောက်ဆင်းလာခဲ့တော့"

သူက တီရှပ်အဖြူရောင်နှင့်ဂျင်းဘောင်းဘီဝတ်ထား၍ လူငယ်ပီပီဖျတ်လတ်တက်ကြွနေကာ Laptopကိုပြန်သိမ်းသွားပြီး ချက်ချင်းထထွက်သွားတော့ ခေ့မှာသာ အူကြောင်ကြောင်ဖြင့်ကျန်နေခဲ့၏။
ထို့ကြောင့်အချိန်မဆွဲတော့ဘဲ ချက်ချင်းလိုက်လာခဲ့တော့ သူက မီးဖိုခန်းမှာ မနက်စာစားဖို့ပြင်နေသည်။

"ဘာစိတ်ကူးပေါက်တာလဲ အခုမှ"

"ဘာစိတ်ကူးပဲပေါက်ပေါက် ကိုယ့်ဘာသာ မနက်စာလာစား.. မင်းကိုပို့ပြီးရင် ငါကျောက်ဝိုင်းကိုသွားစရာရှိတယ်"

"ဒီကလေးဟာလေ စကားပြောရင် ဘယ်တော့မှမညင်သာဘူး"

"မညင်သာတာကဘာမှမဖြစ်ဘူး အပြောချိုတဲ့သူတွေအတော်များများက လူလိမ်တွေချည်းပဲ ကျွန်တော်ကအဲ့လိုမဟုတ်ဘူး"

ကြည့်... တကယ့်လူ့ကန့်လန့်ကြီး...
ခေ မျက်စောင်းထိုးပစ်လိုက်တော့ မေမေရော၊ ကြီးမေကပါ ရယ်သံသဲ့သဲ့ဖြင့် အားလုံးစားဖို့ပြင်ဆင်ပေးပြီး အားလုံးအတူ မနက်စာ စားဖြစ်၏။
မေမေက ခေတို့ရန်ဖြစ်မှာကို အမြဲမဲတင်းနေသူမို့ ခေနဲ့သူ ခုလိုပြေလည်နေတော့ စိတ်ပေါ့ပါးနေပုံရပြီး မကြာခဏရယ်နေသည်။
သူကလည်း မေမေ့ကိုခဏခဏမော့ကြည့်ပြီး မေမေ့အပြုံးကိုတွေ့တိုင်း ကျေနပ်သည့်အပြုံးတစ်ချက်ဖြင့် ခေါင်းပြန်ငုံ့သွားတတ်၏။

ဒီရက်ပိုင်းထဲမှာ ခေသည် သူ့အပြုအမူတွေကို ဘာကြောင့်စောင့်ကြည့်နေချင်မှန်းမသိသလို သူ့စိတ်အတွင်းပိုင်းကိုလည်း သိချင်မိသည်။
ဘယ်လောက်ဆိုးဝါးသူဖြစ်နေနေ သူ့အမေ ငိုမှာကိုတော့ အသေအလဲကြောက်ရွံ့ပုံရတာကိုက သူ့ရဲ့နူးညံ့သောအကျင့်တစ်ခုဟု ထင်မိသောကြောင့်...

အချစ်ဝိုင်Where stories live. Discover now