4

20.4K 523 6
                                    

Part - 4
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"ဟဲ့.. ပေါ်မလာတာ ၂ရက်လောက်ရှိနေပြီ နင်ဘယ်ရောက်နေတာလဲ ပီယ"

ဖုန်းကိုင်ကိုင်ချင်း ဖုန်းထဲက စွာကျယ်ကျယ်ထွက်လာသည့်အသံပြဲကြီးကြောင့် ပီယ နားအူသွားကာ ဖုန်းကိုနားကခွာလိုက်မိသည်။
လာမခေါ်ဖို့ပြောထားတာ ၂ရက်လောက်သာရှိသေးပြီး တကယ်တမ်းမခေါ်တော့လည်း မနေနိုင်သူသာ သူချစ်ရသော ခရေဝိုင်အစုတ်ပလုတ်မ,သာဖြစ်၏။
စွာကျယ်ကျယ်အသံထွက်တာရပ်သွားတော့မှ ဖုန်းကိုနားမှာပြန်ကပ်ကာ...

"ငါ မန္တလေးပြန်ရောက်နေတယ် အဖေက ခိုင်းလိုက်လို့"

"ဘယ်နေ့ပြန်လာမှာလဲ"

"မနက်ဖြန်မှ"

"အဲ့ဒါဆိုလည်း မြင့်မြင့်ခင်က အာလူးပူတင်းနဲ့ထိုးမုန့်ဝယ်ခဲ့ မပါရင်ပြန်မလာနဲ့ နင့်ကိုငါစိတ်ဆိုးနေတုန်းပဲ"

"အောင်မာ ငါ့ကိုdeliမှတ်နေတာလား"

"အဲ့ဒီစကားကို မခနဲ့တွေ့ဖို့လာဂျီတဲ့အချိန်ကျမှ ငါပြန်ပြောမယ်"

မခဆိုတာနှင့် ပီယ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ဂိတ်ဆုံးရောက်နေသည့်အတင်းစား​လေသံကို ချက်ချင်းပြေပြစ်အောင်ပြောင်းလိုက်သည်။
မခနဲ့ပတ်သက်လာရင်တော့ ခေဟာ သူ့အတွက် မင်းသမီးလေးလို ပြုစုယုယရမည့်သူမဟုတ်လား...

"အဲ့ဒီနှစ်မျိုးပဲလား ဒီမှာက ဖက်ထုတ်တို့ဘာတို့အတော်မိုက်တယ်ကြားတယ်နော် ငါဝယ်ခဲ့ပေးမယ် နင်ကြိုက်တယ်မလား"

"အေး.. ဝယ်ခဲ့.. ၁၀တန်းအောင်စရာမလိုဘူး အလိုက်သိဖို့ပဲလိုတယ် ဟဲဟဲ.. မောင်ပီယ ဒီ့ထက်မကကြီးပွားဦးမယ်"

ခေကရယ်ရင်းဖုန်းချသွားတော့ သူလည်းဖုန်းချကာ ဘေးခုံပေါ် ဖုန်းပစ်တင်လိုက်ချိန် ရှေ့ကိုအာရုံလွတ်သွား၍ ကားတစ်စီးကိုမမြင်လိုက်။
ဒုန်းခနဲဝင်တိုက်မိမှ သွားပြီဟုသိလိုက်ရပြီး ကားကိုရပ်ပစ်လိုက်တော့ တစ်ဖက်ကကားသည် ခပ်စောင်းစောင်းအနေအထားဖြင့် ငြိမ်သက်နေ၏။

ပီယ ကားပေါ်ကဆင်းခဲ့တော့ တစ်ဖက်ကကားပေါ်ကလည်း လူတစ်ယောက်ဆင်းလာ၏။
သူဆင်းလာခဲ့တာက ကိုယ့်ဘက်ကမှားခဲ့သည့်အတွက် တောင်းပန်ဖို့ပါ။
သို့သော်•••••

အချစ်ဝိုင်Where stories live. Discover now