38

19.9K 496 12
                                    

Part - 38
▪▪▪▪▪▪▪▪▪▪

"ဒက်ဒီက babyလေးကိုလွမ်းနေတာ သမီးရဲ့ဦးသီဟကလည်း မတွေ့တာကြာလို့တဲ့ ပြင်ဦးလွင်ကိုခဏပြန်လိုက်ခဲ့ပါလား"

မတွေ့တာကြာပြီဖြစ်သည့် ဒက်ဒီက ခေ နေမကောင်းနေ၍ အလည်အပတ်ရောက်နေကာ ပြင်ဦးလွင်ကိုပြန်လိုက်ခဲ့ဖို့ ခေ့ကိုခေါ်နေသည်။
မိုးကုတ်ကဖုန်းကိုပဲ အချိန်ပြည့်မျှော်နေမိသည့် ခေသည် အရင်လို လမ်းပျော်လည်းမဟုတ်တော့ဘဲ တမှိုင်မှိုင် တထွေထွေဖြစ်နေသည်ကို ဒက်ဒီမြင်ချင်ပုံမပေါ်။

"ခေလိုက်ချင်ပါတယ် ဒါပေမယ့် သူ့ကိုစောင့်ချင်သေးတယ်"

"သူက Babyလေး အိမ်မှာမရှိမှန်းသိရင် ပြင်ဦးလွင်ကိုလိုက်ခဲ့မှာပေါ့ ဒါမှမဟုတ်ရင် မောင်မင်းစေရာပြန်ရောက်ပြီဆိုတာနဲ့ ဒက်ဒီကိုယ်တိုင်ပြန်လိုက်ပို့မယ်"

ခေ ဒက်ဒီ့ကိုချစ်ပေမယ့် သူ့အကြောင်းပြန်သိချင်သည့်စိတ်ဖြင့် တွေဝေနေဆဲ။
မိုးကုတ်နဲ့အဆက်အသွယ်ပြတ်တာ ၂ရက်ကျော်ပြီမို့ အမှန်အတိုင်းဝန်ခံရရင် ခေ မိုးကုတ်ကလွဲလို့ ဘယ်ကိုမှမသွားချင်။
ဒါကို ဒက်ဒီကရိပ်မိနေသလို မျက်နှာညှိုးငယ်သွားပြီး...

"အဖေကိုစိတ်ချမ်းသာအောင်ထားတာက ကုသိုလ်ရပါတယ် babyလေးရယ်"

"မဟုတ်ပါဘူး ခေ လိုက်ခဲ့ပါမယ်"

ဒက်ဒီကိုယ်တိုင်လာခေါ်တော့ မေမေကလည်း သဘောတူသည်မို့ ကြီးမေက ခေ့ အဝတ်အစားတွေထည့်ပေးကာ ခေကတော့ အခန်းထဲမှာပဲ ငူငူလေးထိုင်နေမိသည်။
သူနဲ့ခေ အတူနေခဲ့သည့်ဒီအခန်းလေးကို မခွဲချင်သလို သူ့ကိုလွမ်းသည့်စိတ်တွေကလည်း တနင့်တပိုး။
ခေမျှော်နေမှာမှန်းသိပါလျက် ဒီလူဆိုးကောင်က ဘာလို့ဖုန်းမဆက်တာလဲ...
သူ ခေ့ကိုမချစ်တော့လို့လား...

"ကြီးမေ မိုးကုတ်က ဖုန်းမလာဘူးလား"

"လာတယ် ခေလေး မမကြီးကိုင်လိုက်တယ် ခေလေးအိပ်နေတာနဲ့"

"မေမေကိုင်တယ်ဆိုတော့ ဘာထူးသေးလဲ သူ ဘယ်လိုနေလဲဟင် သက်သာရဲ့လား"

"သက်သာပါတယ် အရမ်းကြီးတော့မသက်သာဘူးပေါ့ ကြည့်ရတာအားနည်းနေတယ်ထင်ပါရဲ့ အရင်ကထက်ပိုဂရုစိုက်ရတယ်လို့ပြောတယ် သူကိုယ်တိုင်တောင် ဖုန်းမဆက်နိုင်ရှာဘူး ခမျာ သနားပါတယ်"

အချစ်ဝိုင်Where stories live. Discover now