6

19.3K 481 13
                                    

Part - 6
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"ဝိုင် နေမကောင်းဘူးလား ပိန်သွားသလိုပဲ"

ထွဋ်က ခေ့နဖူးကိုစမ်းပြီး စိုးရိမ်နေသည့်ပုံစံဖြင့် ခေ့မျက်နှာလေးကိုဆွဲပင့်ကြည့်သည်။
ဂရုစိုက်ခံရခြင်းအပေါ် ခေ စိတ်မပါသလိုဖြစ်နေသည့်အခါ ပီယက စားပွဲအောက်မှခေ့ခြေထောက်ကို တက်နင်းခြင်းဖြင့် သတိပေးလေသည်။

"အင်း.. ရာသီဥတုကပူတယ်လေ ခေ ထမင်းသိပ်မစားနိုင်ဘူး"

"စားချင်တာရှိရင် ဖုန်းဆက်လိုက်လေ ကိုယ်လာပို့ပေးမှာပေါ့ အခုရောစားချင်သေးလဲ ကိုယ်သွားဝယ်ပေးမယ်"

သူက တကယ်ကိုဂရုတစိုက်နဲ့ပါ။
သို့သော် ခေ သူ့ဆီကဂရုစိုက်မှူတွေကို မလိုချင်သလို ဒီဂရုစိုက်မှုတွေမှာလည်း မပျော်ဝင်။
ပီယဆီ အကူအညီတောင်းသလို တစ်ချက်လှမ်းကြည့်တော့ ပီယက ခေါင်းတစ်ချက်ခါယမ်းကာ ထွဋ်ကို ပထုတ်ဖို့စကားစ၏။

"ထွဋ်ခေါင် မင်းကလည်း အဲ့လောက်လေးတောင်အလိုက်မသိဘူးလား သံပုရာရည်လေးသွားဝယ်လိုက်ကွာ စိတ်လည်းကြည်သွားအောင်"

"အေး ဟုတ်သားပဲ ဝိုင်ခဏနော် ကိုယ်ပြန်လာခဲ့မယ်"

ထွဋ် အမောတကော ထပြေးသွားသည်နှင့် ပီယကအလွန်အမင်းအောင့်အည်းထားရသည့်မျက်နှာမျိုးဖြင့် ခေ့လက်မောင်းကိုတစ်ချက်လှမ်းရိုက်သည်။
စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည့်နာကျင်မှုကြောင့် လူက နည်းနည်းငေါင်နေရာမှ အသိဝင်လာသလို ခေ ဖျတ်ခနဲဖြစ်သွား၏။

"ခရေဝိုင် နင်နော် နင်"

"ဘာလဲဟာ ငါမှမလိုက်ချင်တာကို သူကဇွတ်လာခေါ်တာကို"

"တော်.. တော်.. ဒီကောင် နင့်ဆီလာရတာ တကူးတကကြီးမှန်းသိရဲ့သားနဲ့.. နင် ကဂျီကဂျောင်လုပ်နေလို့ ငါလည်းလိုက်လာရပြီ အခုနင့်မျက်နှာကြီးကိုပြင်စမ်းပါဟာ ဖြတ်ဆိုတော့ကျလည်းမဖြတ်ဘူး တွေ့တော့လည်းမျက်နှာသေကြီးနဲ့"

နည်းနည်းစိတ်ဆိုးနေပုံရသည့် ပီယစကားကြောင့် ခေက ဖုန်းကိုထောင်ကာ မှန်လိုလုပ်ကြည့်ရင်း ပြုံးကြည့်မိသည်။
ပါးစပ်သာ ဟ သွားပြီး ပြုံးပျော်နေတဲ့ပုံမျိုးလည်း မဖြစ်။

အချစ်ဝိုင်Where stories live. Discover now