12

22.1K 493 7
                                    

Part − 12
▪▪▪▪▪▪▪▪▪▪

ဒီနေ့ မခကိုပြန်အပ်သည့်ပွဲမို့ အားလုံးစုံစုံညီညီရှိကာ မိုးကုတ်မှ မခဖေဖေပါရောက်လာသည့်အတွက် လက်ထပ်ဖို့ရက်ကိုပါ တစ်ခါတည်းသတ်မှတ်လိုက်သည်။
အန်ကယ်သီဟက ပီယအတွက် အိမ်၊ ခြံ၊ လုပ်ငန်းမှအစ အားလုံးစီစဥ်ပေးထားသည့်အကြောင်းပြောတော့ မခမိဘတွေက ခေါင်းတညိတ်ညိတ်။
ခေရော၊ ပီယပါ တစ်ဦးတည်းသောသားသမီးတွေမို့ အမွေခွဲစရာလူလည်းမရှိဘဲ အဖေတွေပိုင်သမျှက ခေတို့သာရ,ရမှာက အမှန်ဖြစ်သည်။

"လူငယ်ချင်း ချစ်ကြခင်ကြတယ်ဆို ကျွန်တော် ဘာမှမပြောလိုပါဘူး သမီးမခ စိတ်ချမ်းသာဖို့ပဲလိုတာပါ"

မခဖေဖေက ထိုသို့သာပြောလေသည်။
အားလုံးအဆင်တပြေဖြစ်သွားပြီမို့ ပီယရော မခပါ ပြုံးပျော်နေကြသလို ခေ့မျက်နှာမှာလည်းအပြုံးတွေဖြင့်။
ပီယရဲ့ပွဲဟာ ခေ့ရဲ့ပွဲပဲမို့ ခေတို့၃ယောက်ဟာ အရောင်သာကွဲကာ ဟိုနှစ်ကောင်က အဝါရောင်ဖြစ်ပြီး ခေ့အရောင်ကတော့ ခရမ်းရောင်လေးဖြစ်သည်။

"သိပ်ပျော်နေတယ်ဟုတ်လား မခစုတ်"

"အားလုံးအဆင်ပြေသွားတာ တော်သေးတာပေါ့ ငါ့မှာစိတ်ပူနေတာသိလား"

"ဒါနဲ့လေ ငါကြားဖူးတာပြောရဦးမယ် နင့်အတွက် အစ်အောက်ပြီးမေးကြည့်လာတာ ယောကျာ်းရပြီးရင် ညဝတ်အင်္ကျီကို ခပ်ပါးပါးလေးဝတ်အိပ်ရတယ်တဲ့ ဒါမှယောကျာ်းကချစ်တာတဲ့"

"ဟင်!! နင့်ဟာကလည်း"

"ငါလည်းမသိဘူးလေ ကြားဖူးတာကိုပြောတာ"

"နင့်ကျမှအဲ့လိုဝတ်.. ထွဋ်ခေါင်နဲ့နင်ကရော ဘယ်တော့လဲ"

မခစကားကြောင့် ခေ စိတ်ရှုပ်သွားကာ နည်းနည်းငိုင်သွားမိသည်။
ပြင်ဦးလွင်မှာထပ်တွေ့တော့ လက်ထပ်ဖို့ပူဆာနေပြီဖြစ်သည့်ထွဋ်က ပီယကို နမူနာယူဖို့ကြိုးစားနေပုံရ၏။

"အခုမှ ငယ်ငယ်လေးရှိသေးတာကို မယူချင်ဘူး သွား"

"မငယ်တော့ပါဘူး ဝိုင်ရယ် ၂၀တောင်ပြည့်ပြီပဲ ပီယတို့တောင်ယူနေပြီကို"

"ပီယက မဖြစ်လို့ယူရတာလေ ထွဋ်နော် သိရဲ့သားနဲ့ နားမပူနဲ့ သိပ်မုန်းဖို့ကောင်းတာပဲ"

အချစ်ဝိုင်Where stories live. Discover now