[3] ယွမ်ဟောင်
''ဒါဆိုရင် ကျွန်တော် ရေသောက်ချင် လို့လေ ရနိုင်မလားဟင်''
ဒီအခြေအနေကို နားလည် သဘောပေါက်နေတဲ့ သူတစ်ယောက်အနေနဲ့ ထိုလူကြီးကနေ စတင်ရမယ် ဆိုတာ ကျန်းဂျင် နားလည်လေတယ်။ ဒါပေမယ့် ကျန်းဂျင် တစ်ယောက်ကတော့ တော်တော်လေး စိတ်လှုပ်ရှားနေတုံးပဲ။
သူတို့ ၂ယောက်ရဲ့ အသွင်အပြင်နဲ့ အရပ်အမြင့်တွေကို နှိုင်းယှဥ်ကြည့်တဲ့ အခါ သူက ထိုလူထက် အရမ်းကို သေးငယ်နေကြောင်း တွေ့ရလေတယ်။ ထိုလူကို နောက်တစ်ကြိမ် ဒေါသထွက် သွားအောင် သူမလုပ်ချင်ပါပေ။ ထိုလူက သူ့ကို ရန်မလုပ်ပါဘူးလို့ အာမမခံနိုင် ဘူးလေ။ ပြီးတော့ သူကလည်း ထိုလူရဲ့ ဆွဲဖြဲခြင်းကို မခံနိုင်ပါပေ။
'' ကျွန်တော် ရေဆာတယ်။ ကျွန်တော် ရေသောက် ချင်တယ်လို့''
ကျန်းဂျင်က ထိုလူ မကြားဘူးလို့ ထင်တဲ့အတွက်ကြောင့် သူ့ရဲ့အသံကို မြှင့်ပြီးတော့ နောက်တစ်ကြိမ် ထပ်ပြောလိုက်တယ်။
ထိုလူက သူ့ကို လှည့်ကြည့်လိုက် ပြီးတော့ နောက်ဆုံးမှာတော့ ရေတစ်ခွက်ယူဖို့ ပြန်လှည့် သွားခဲ့လေတယ်။
'' ရေမသောက်ခင် လိမ်လိမ်မာမာလေး နေခဲ့။ ဘာ လှည့်ကွက်တွေမှ ထပ်သုံးဖို့ မကြိုးစားနဲ့။ ငါက မင်းကို ထွက်သွားခွင့် ပေးမှာ မဟုတ်ဘူးကွ''
ထိုအမျိုသားက အသံ နိမ့်နိမ့်လေးနဲ့ ပြောလိုက်တယ်။
ကျန်းဂျင်က ရေသောက်ပြီး တဲ့အခါမှာတော့ သူက ထိုအမျိုးသားရဲ့ ဗိုက်ကို အရင်ဆုံးကြည့်လိုက် ပြီးတော့မှ သတ္တိ မွေးကာ ဆက်ပြောလိုက်တယ်။
'' ခများက ဘယ်သူလဲဟင်?''
ထိုအမျိုးသားကို ကြည့်ရတာ ထပ်ပြီး ထွက်ပြေးပြီး ပစ္စည်း တွေ ဖျက်ဆီး တော့မယ့်ပုံ ပေါ်နေတဲ့အခါ ကျန်းဂျင်က အမြန် ဆက်ပြီး ပြောလိုက်တယ်။
'' ကျွန်တော် ဘာကို မှ မမှတ်မိတော့ဘူးဗျ။ ထင်တာတော့ ကျွန်တော် အတိတ်မေ့သွား တယ်ထင်တာပဲ''
ထိုအမျိုးသားက အခုဆင်ခြေကို မယုံတဲ့ ပုံပေါ်တာကြောင့် ကျန်းဂျင်ခမျာ မနေနိုင်တော့ပဲ အတော်လေးကို စိုးရိမ် လာလေတယ်။
YOU ARE READING
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Fantasyကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...