အပိုင်း (51. 1)

4.8K 508 1
                                    

(51. 1)ဘုရား ပွဲတော်

အချိန်အကြာကြီး အထိ ခရီး ဝေး ကနေ လာခဲ့ရတဲ့အတွက်ကြောင့် သူတို့က အခန်းထဲကို သွားကာ စောစော အိပ်လိုက်ကြတော့တယ်။

နောက်နေ့ မနက်မှာတော့ ကျန်းဂျင် က မနေ့ညမှာ ကောင်းကောင်း အနားယူ လိုက် ရတဲ့ အတွက်ကြောင့် စွမ်းအင်တွေ ပြည့်ဝနေတယ်လို့ ခံစားမိတယ်လေ။

မနေ့က စားပွဲထိုးလေး ပြောတာကို သူကြားခဲ့ရတယ်။ အဲ့တာကတော့ ဒီနေရာနဲ့ သိပ်မဝေးတဲ့ ' ကျွမ့်ဇီ' လို့ ခေါ်တဲ့ ခြံတစ်ခု ရှိတယ်တဲ့လေ။ ထို ' ကျွမ့်ဇီ ' က လူအိုကြီး တစ်ယောက် ပိုင်တာ ဖြစ်ပြီးတော့ ထိုခြံထွက် စပျစ်သီးတွေက ကောင်းကောင်း ဖွံဖြိုး ရုံတင်မကပဲ ရောင်းတဲ့ အစေ့တွေ ကပါ တစ်ခြားသူတွေထက် ပိုကောင်းပါတယ်တဲ့လေ။

နှစ်စဥ် နှစ်တိုင်း လူတွေ အများကြီးက ထိုလူ့ဆီကနေ စပျစ်သီးစေ့တွေ ဝယ်ဖို့ လာလေ့ရှိတယ်တဲ့လေ။

ကျန်းဂျင် နဲ့ ယွမ်ဟောင် တို့က တူညီတဲ့ ရည်မှန်းချက် ရှိတာမလို့ မနက်အစော ကြီးထကာ မနက်စာ စားပြီးတဲ့နောက် စားပွဲထိုးလေး ပေးလိုက်တဲ့ လိပ်စာအတိုင်း လှည်းနဲ့မောင်း သွားလေတယ်။

ထိုခြံ ဆီ မရောက်ခင် လမ်းတစ်လျောက်မှာ သူတို့က လမ်းသွား လမ်းလာတစ်ချို့ကို မေးမြန်းခဲ့ရလေသေးတယ်။

ထိုခြံက ကျယ်ဝန်းတဲ့ ဧရိယာ ရှိပြီးတော့ လုံးဝကို လယ်တော ပုံစံစတိုင် ဆောက်ထား လေတယ်။ အဝါရောင် ခြံ နံရံတွေမှာ ရွံ့တွေ နဲ့ မံထားပြီးတော့ အမြင့်ကတော့ အရွယ်ရောက် လူတစ်ယောက်ရဲ့ ရင်ဘတ် နားထိ မြင့်လေတယ်။

အိမ်က အဝါရောင် ရွံ့ကျောက်တုံး တွေနဲ့ ဆောက်ထားပြီးတော့ အမိုးကသက်ကယ် ထူထူနဲ့ မိုးထားလေတယ်။ ထိုအိမ်ကို မြင်တွေ့လိုက် ရတာနဲ့ ခေါင်းထဲ ပေါ်လာမယ့် ပထမဆုံး စကားလုံးက ' ရိုးရှင်း လိုက်တာ ' ဆိုတာ ပါပဲ။

နှစ်ယောက်သားက အရှေ့ကို တိုးသွားပြီးတော့ ခြံဝင်း တံခါးကို ခေါက်လိုက်တယ်။

'' ခွင့်ပြုပါ။ ဒီမှာ တစ်ယောက် ယောက် ရှိကြရဲ့လား ''

ကျန်းဂျင် အော်လိုက် ပြီးတာနဲ့ အထဲက လူက ချက်ချင်းပဲ ပြန်တုံ့ပြန် လာခဲ့တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Hikayelerin yaşadığı yer. Şimdi keşfedin