အပိုင်း (1)

31.6K 1.9K 72
                                    

(1) ဇာတ်လမ်း စတင်ခြင်း

ကျန်းဂျင်ဟာ ငယ်ငယ်လေး ကလေးဘဝကတည်းက သူတစ်ပါး ကလေးတွေရဲ့ စံပြ တစ်ယောက်ဖြစ်ခဲ့တယ်။ တစ်ခြား ကလေးတွေရဲ့ မိဘတွေက ဆို သူတို့ရဲ့ကလေးတွေနဲ့ ကျန်းဂျင်လေးကို နှိုင်းယှဥ်ပြီးပြော လေ့ရှိတာကြောင့် ကျန်းဂျင်ခမျာ ငယ်ငယ်လေး ကတည်းက ကျောင်းမှာ အနိုင်ကျင့်ခြင်း ခံခဲ့ရပါတော့တယ်။

ဒါပေမယ့် သူလည်း အရွယ်ရောက်လာရော အထက်တန်းအောင်ပြီးတာနဲ့ သူ့ရဲ့မွေးရပ်မြေမှာ ရှိတဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ကျန်းဂျင်ကို သူတို့ တက္ကသိုလ်ဆီ လာရောက်တက်ဖို့ ကမ်းလှမ်းခဲ့လေတယ်။ ဒါကြောင့်ပဲ ကျန်းဂျင်လည်း ဘွဲ့ကြိုသင်တန်းအထိ အတန်းတွေ ခုန်တက်လိုက်တော့တယ်။

( စာတော်တာနော် ဂေါင်းကြီးတို့)

တက္ကသိုလ် ရောက်တဲ့အခါ သူက အကျင့်စရိုက်လည်း ကောင်းတယ် ၊ ရုပ်လည်းချောတယ်၊ ပညာလည်း တော်တယ် ပြီးတော့ ဘယ်လိုချက်ပြုတ်ရ မလဲဆိုတာကို သိတဲ့အပြင် သူ့ရဲ့ မိသားစု နောက်ခံကလည်း ကောင်းမွန်နေခဲ့တယ်လေ။ ဒီအချက်တွေ ကြောင့်ပဲ တက္ကသိုလ် က အမျိုးသား တွေရဲ့ ဘုံရန်သူ ဖြစ်လာပြီးတော့ အမျိုးသမီးလေးတွေရဲ့ အမျိုးသားနတ်ဘုရား တစ်ယောက် ဖြစ်လာခဲ့တယ်လေ။ ဒါပေမယ့် သူ့မှာ ရည်းစားကောင်မလေး တစ်ယောက်တောင်မှ မရခဲ့ပါပေ။

ဒါပေမယ့် သူလည်း ဘွဲ့ရသွားပြီးရော သူ့ဘေးနားမှာ ဝိုင်းနေတဲ့ အများစုက သူနဲ့ လိင်တူတဲ့ အမျိုးသားတွေ ဖြစ်နေပြီးတော့ သူတို့က သူ့ကို မတူညီတဲ့ အမြင်မျိုးနဲ့ ကြည့်ကာ အထူးသီးသန့်လေး လိုမျိုး ဆက်ဆံပေးခြင်းကို ခံရလေတယ်။

ကျန်းဂျင် တစ်ယောက် ဘယ်လောက်ပဲ ထိုင်းမှိုင်းနေပါစေ သူတို့က သူတို့ရဲ့ အထူးသီးသန့်လေးလို ဆက်ဆံပေးနေတုံးပဲ။ ဒါကြောင့် တစ်ခုခုတော့ မှားနေပြီမှန်း ကျန်းဂျင်သိပါတယ်။ ဒါပေမယ့် ဘယ်အချက်က မှားနေတာလဲ ဆိုတာကို သူမပြောပြတက်ပါပေ။ ဘာကြောင့် ဒီလိုမျိုး အဆက်ဆံ ခံရလဲဆိုတာကို သူလည်းသိသွားရော သူလည်း တစ်ခြားကမ္ဘာကို ကူးပြောင်း သွားရပါလေရောလေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now