(53.1) မင်္ဂလာ ရှိသော နေ့ရက် ၁
လော်ရှောင်း ဆီကိုတွေ့ဖို့ရာ ကျန်းဂျင်က ချန်အန်းမြို့ကို အမြန်ပြေး သွားလေတယ်။ ဘာလို့လဲ ဆိုတော့ ကျန်းဂျင်က ယွမ်ဟောင် နဲ့ အတူတူ လင်အန်း မြို့ကို သွားခဲ့ကြတာ ကြောင့် သတင်းစာနဲ့ ပတ်သက်ပြီး ကိစ္စအရပ်ရပ်ကို သူက ပဲ ဒီရက်ပိုင်း အတွင်း စီစဥ်ခဲ့ရတာကြောင့် အတော်လေး ပင်ပန်းနေ ခဲ့တာပဲ ဖြစ်လေတယ်။
ကျန်းဂျင်က လော်ရှောင်း ကို တွေ့တဲ့ အချိန်မှာတော့ သူ့ရဲ့ မျက်နှာလေးဟာ စိတ်ပျက် နေခဲ့လေတယ်။
'' ဟုတ်ပြီနော်။ ငါက အခု လင်အန်းမြို့ကနေ အထူးထုတ်ကုန်နဲ့ ပြန်လာပြီလေ။ အဲ့မြို့မှာ စပျစ်သီးတွေက ပေါတယ်လေ။ မင်း ဒီစပျစ်သီးခြောက် လေးတွေကို စားကြည့်လိုက်လေ။ အဲ့တာက အရမ်းအရသာ ရှိတယ်နော်''
ကျန်းဂျင်က လော်ရှောင်းကို လက်ဆောင် အထုပ်လေး ကမ်းပေးလိုက်လေတယ်။
'' ဟမ့်! ''
လော်ရှောင်းက လက်ထဲက အစားအစာထုတ်လေးကို ဖြည်လိုက်တယ်။
'' မင်းမှာ အသိစိတ်လေးတော့ ရှိသေးတာပေါ့နော်။ ဒါပေမယ့် ငါက ဒီတစ်ကြိမ်ကို ချရေးပြီး မှတ်ထားမှာ။ ပြီးတော့ အနာဂတ်မှာ ငါက အဲ့အကြွေး သေချာပေါက် ပြန်တောင်းမယ်''
'' ဟုတ်ပါပြီ ဟုတ်ပါပြီကွာ! ''
ကျန်းဂျင်က ကူကယ်ရာမဲ့စွာပြော လိုက်တယ်။
'' ဟုတ်ပြီလေ''
လော်ရှောင်း က ကျန်းဂျင်ဆီကို လက်ဖြန့်တောင်း လိုက်တယ်။
'' ဘာမှားလို့လဲ ''
'' အနောက် အရပ်သို့ ခရီးသွားခြင်းလေ။ မင်းက ရက်တွေ အကြာကြီး ခရီးသွားခဲ့တယ်။ ဒါပေမယ့် ငါကျတော့ အဲ့တာကို မဖတ်ရတာ အတော်ကြာနေပြီလေ။ ဆိုတော့ ငါဖတ်ရမယ့် အပိုင်းတွေ သေချာပေါက် တောင်းရမှာပေါ့။ ''
'' မစိုးရိမ် နေပါနဲ့ကွာနော်။ မနက်ဖြန် မင်းဖတ်ရမယ့် အပိုင်းတွေကို ယွမ်ဟောင် နဲ့မနက်ဖြန် ပို့ပေး လိုက်ပါမယ်။ ဒီနေ့တော့ ငါယူလာဖို့ မေ့နေလို့ပါကွာ''
'' ဟုတ်ပြီလေ။ ခွင့်လွတ်ပေး လိုက်မယ်။ ဒါပေမယ့် မနက်ဖြန် မဖတ်ရလို့ ကတော့ ငါလုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ''
YOU ARE READING
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Fantasyကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...