(38. 2)
ထိုစကားတွေကို ကြားပြီးသွားတဲ့ လော်ရှောင်း ရဲ့ နှလုံးသား ဟာ အေးစက် သွားပေမယ့် သူ့ရဲ့ ကိုယ်ကတော့ အရမ်းကို ပူလောင် နေခဲ့ပါတယ်။
တစ်ခြား ပြောရရင် သူက အမြဲတမ်းပဲ တစ်ခြားသူတွေ အတွက် အတွက်ချက်ခံ ၊ အနစ်နာ ခံလေး ဖြစ်နေခဲ့တယ်။ ပြီးတော့ အခု ကိစ္စမှာလဲ ပါဝင်တွက်ချက် နေတဲ့ လူက သူ့အဖေ ကိုယ်တိုင် တဲ့လေ!
ဝမ်ဇီမင်!
သူ ဆိုတဲ့ လော်ရှောင်း က တစ်နေ့တော့ လက်စားချေ ဖို့ ပြန်လာခဲ့မယ် !!
လော်ရှောင်း က တစ်ခြား ဘက်ဆီကို သာသာလေး တွားသွားလိုက်တယ်။ ပြီးတော့ သူ့နောက်ကို လိုက်လာတဲ့ လူ ၃ ယောက် က မှီလာနေပြီ ပဲ ဖြစ်လေတယ်။ သူက ခပ်မြန်မြန်လေး တွားသွားလိုက်ပြီးတော့ နောက်ဆုံးမှာတော့ မြက်တော ထဲက အသံ ထွက်သွားလေတယ်။
'' သူက ဟိုနေရာမှာ။ မြန်မြန်လိုက်! ''
လော်ရှောင်း က သူ ဒီလောက်ထိ ကို အပြေးမြန်တဲ့ လူတစ်ယောက် ဖြစ်မယ်လို့ မထင်ထားခဲ့ မိပေ။ သူသာ ဒီအချိန်မှာ အဖမ်းခံ လိုက်ရရင် သူရဲ့ ဘဝတစ်ခုလုံး သေသလို ဖြစ်သွားမှာကို သိလေတယ်။ ဒါကြောင့် အသားကုန် ပြေးလေတယ်။
လော်ရှောင်း က ထိုနေရာမှာမြစ် တစ်ခု ရှိတာ ကို မှတ်မိလေတယ်။ ထို မြစ်ကို ဖြတ်ကူးနိုင် သရွေ့ သူအဆင်ပြေပြီ။ သူ့နောက် ကနေ လိုက်ဖမ်းနေတဲ့ သူတွေက နီးကပ်လာပြီ ဖြစ်တာကြောင့် ဘာမှ မစဥ်းစားတော့ပဲ မြစ်ထဲကို ခုန်ချလိုက်လေတယ်။
သူကတော့ သူတော့ သေပြီ လို့ ထင်နေခဲ့ပေမယ့် အေးစက်နေတဲ့ မြစ်ရေတွေက သူ့ကိုယ်က အပူတွေကို လျော့ချပေး နိုင်ခဲ့လေတယ်။ ဒါက လော်ရှောင်းကို စိတ်သက်သာ ရစေတယ်။ သူ တက်နိုင် တဲ့ အထိ တောင့်ခံ နိုင်သမျှ သူလုံခြုံ ပြီ။ သူ အရှုံး မပေးနိုင်ဘူး!
လီမင်းယင် ဘက်မှာလည်း အနည်းငယ် စိတ်ပူပန်နေလေတယ်။ အရင်ချိန်တွေမှာ လော်ရှောင်း က လာမယ်လို့ ပြောခဲ့ရင် အချိန်မှီ ရောက်လေတယ်။ ဒါပေမယ့် အချိန်တွေက အရမ်းကြာ နေပြီးတော့ ရောက်မလာသေးဘူး။
YOU ARE READING
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Fantasyကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...