(33.2)
''ကျန်းဂျင် ယဥ်ကျေးမနေနဲ့တော့။ မင်း စျေးသာ ဖွင့်လိုက်။ ငါ့ဖေဖေ ရဲ့ အခြေအနေက အရမ်းကောင်းတယ် ဆိုတာ ငါသိတယ်။ တကယ်လို့ ပုံကြမ်း ကိုသာ မင်းသူ့ဆီ ငွေတုံး ၁၀၀ နဲ့ ရောင်းမယ် ဆိုရင်တောင်မှပဲ သူ က ချက်ချင်း ၇ ကြိမ် ရှစ်ကြိမ်လောက်ကို ငွေရှာ နိုင်သေးတယ်ကွ! ''
ကျန်းဂျင် က ပြုံးလိုက် မိတယ်။ ဒီလို မျိုး နူးညံ့သိမ်မွေ့တဲ့ သခင်မ လော်ကလည်း အခုလို မျိုး စီးပွားရေး သမား အကြီးစား ဖြစ်နေမယ် လို့ မထင်မိခဲ့ပေ။
မေမေလော်က သူ့သား ဘက်လှည့်ကာ စိတ်မပျော် သလို ဟန်ဆောင်ပြီး ပြောလိုက်တယ်။
'' ငါ့လက်ထဲ ကို ပုံကြမ်း ရောက်လာလို့ ကတော့ မင်း ငါ့ဆီ ကနေ ဝေမျှ ခံ ရမယ် ထင်မနေနဲ့။ ဒါကြောင့် ဒီဗီဒို ကို ရလိမ့်မယ် လို့မစဥ်းစား လိုက်နဲ့ ''
'' ကျွန်တော် လုံးဝ ကို ကြောက်မနေ ပါဘူးနော်။ ကျွန်တော့်မှာ ကျန်းဂျင် ရှိသေးတယ်လေ !''
မေမေလော်က ဆိုးသွမ်းနေတဲ့ သူ့သားကို ကြည့်ကာ ခေါင်းကို သာခါ လိုက်မိတယ်။
'' မင်းလို လူနဲ့ သူငယ်ချင်း ဖြစ်ရတာ ကျန်းဂျင် အတွက် တကယ် ခက်ခဲတာပဲ!''
ထို ပရိဘောဂ ပုံစံတွေက ခေတ်သစ် ဒီဇိုင်းတွေနဲ့ လုံးဝကိုဆင်နေပြီးတော့ ကျော့ရှင်းတဲ့ ဟန်ပန် ကို ဆင်မြန်းထား နိုင်တာကြောင့် အရမ်းရေပန်းစားခဲ့လေတယ်။
ဒီလို ပုံမျိုးတွေက ရှေးခေတ် အချိန်မှာ လုံးဝကို မရှိသေးပေမယ့် သခင်မ လော်နဲ့ လော်ရှောင်း အတွက် ပုံကြမ်း ဆွဲပေး ရတာလောက် ကတော့ မဆိုးပါဘူးလို့ ကျန်းဂျင် ခံစားမိလေတယ်။ ဘာလို့လဲ ဆ်ိုတော့ နောက်ပိုင်း မျိုးဆက်တွေရဲ့ ဒီဇိုင်း ပုံတွေက အများကြီး ရှိတယ်လေ။ သူက အတော်များများ ကို သိတာကြောင့် တစ်ခု နှစ်ခု ဆွဲပေးလိုက်လည်း သိပ်ပြီးတော့ ကိစ္စမရှိပါဘူး။
ကျန်းဂျင်နဲ့ တစ်ခြားသူတွေက အစားအစာ စီစဥ်ပေးကြတယ်။ သခင်မလော် ၊ လော်ရှောင်းတို့ စားကြသလိုမျိုးပဲ ပါလာတဲ့ လူတွေကလည်း တော်ပေါ်က အသားတွေနဲ့ ပင်လယ်စာ တွေကို စားခွင့်ရလေတယ်။
BẠN ĐANG ĐỌC
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Viễn tưởngကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...