(49)
အောက်တိုဘာ လ အကြောင်း ပြောကြစို့ ။
အောက်တိုဘာရဲ့ အဓိပ္ပါယ် က ဘာလဲ!
ဂဏန်း ပေါများ ခြင်းပဲလေ! !
ကျန်းဂျင် မစောင့်နိုင်တော့ပေ။ ပူစပ်ပြီး အရသာရှိတဲ့ ဂဏန်းချက်လေး အကြောင်း တွေးမိရုံနဲ့တင် သူ့ပါးစပ်ထဲမှာ ထိန်းမရ သိမ်းမရအောင် တံတွေးတွေ ထွက်လာခဲ့တယ်။
ဂဏန်းက ကျန်းဂျင်ရဲ့ အကြိုက်ဆုံး ဟင်းပွဲ တစ်ခုပဲ ဖြစ်လေတယ်။ ဒါကြောင့် သူက သူ့အစားစားချင် စိတ်လေးကို ကျေနပ်ပြည့်ဝစေဖို့ ဂဏန်းချက်တဲ့ နေရာမှာ အားအင်တွေ အများကြီး ထည့်သုံးထား ရလေတယ်။
ယွမ်အန်းရဲ့ တာဝန်က တွန့်ဆုတ်စွာနဲ့ ပြီးသွားခဲ့လေတယ်။ ဘာလို့လဲ ဆိုတော့ ထိုသူက လယ်ကွင်းထဲမှာ ငါးဘယ်လိုမွေးရမလဲ ဆိုတာ မသိတဲ့ အတွက်ကြောင့် သူ့အပေါ် အပြစ်ပေးတာ က လုံလောက် သွားပြီ ပဲ ဖြစ်လေတယ်။
ဒါက ယွမ်ဟောင်ဟာ သူ့ကို ပြဿနာ ရှာတဲ့လူကို အပြစ်ပေးခြင်ရုံ သာမကပဲ ထိုကဲ့သို့ ပြဿနာ ကိုတစ်ခြားသူတွေ လာမရှာရဲတော့အောင် ခြောက်လန့်လိုက်ခြင်းပဲ ဖြစ်လေတယ်။
ယွမ်အန်းက ငါးတွေကို လယ်ကွင်းထဲမှာ ဘယ်လိုမွေးမြူရမလဲ ဆိုတာကို လုံးဝ မသိတာကြောင့် သူဘာမှ မလုပ်ရဲပဲ ငါးတွေသေမှာ ကြောက်တဲ့အပြင် အကောင်ရေရင်လည်း လိုနေမှာ စိုးရိမ်တဲ့အတွက် ငါးတွေကို ဝယ်ပြီး လယ်ကွင်းထဲမှာ ထည့်ခဲ့လေတယ်။
လျော့သွားတဲ့ ငါးတွေကြောင့် ပေးရမယ့် ငွေကတော့ သူလုံးဝ မတက်နိုင်တဲ့ ပမာဏကြီးလေ။ ရိတ်သိမ်းရာသီ ရောက်လို့ ယွမ်ဟောင်ပြောတဲ့ အတိုင်း ငါးတစ်ကောင်မှာ တစ်ပေါင် မပြည့်ရင်လည်း သူအလျော်ပေးနေရမှာ ဖြစ်တယ်။ ယွမ်ဟောင်က ပြောတဲ့ အတိုင်းလုပ်တဲ့ အရူးမှန်း ဘယ်သူ မသိလို့လဲ။
ငါးတွေက လယ်ကွင်းထဲမှာ ပတ်ပြေးနေတာကြောင့် ယွမ်အန်းတစ်ယောက် မရေတွက်နိုင်ခဲ့ပေ။ ဒါကြောင့်ပဲ သူမတက်နိုင်စွာနဲ့ ငါးသားပေါက်တွေကို အများကြီး ထည့်ခဲ့ ပြီးတော့ ယွမ်ဟောင် တစ်ယောက် စစ်ဆေးတဲ့ အချိန်က အမြင်မှားသွားဖို့ပဲ မျှော်လင့်နေခဲ့တယ်။
YOU ARE READING
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Fantasyကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...