အပိုင်း (61. 2)

3.6K 425 1
                                    

(61. 2)

'' ဒါထက်ပိုကြီးတဲ့ တစ်စုံတစ်ခု ရှိနေသေးတယ်။ အဲ့တာက..... တကယ်ကြီး ဒီလောက်ထိ ကြီးတာ! ''

ကလေးငယ်က သူ့လက် အတို လေးတွေကို ဆန့်ထုတ်ကာ ထိုဟာရဲ့ ပုံစံ ကို ဖော်ပြနေခဲ့လေရဲ့။

''ပြီးတော့ အဲ့ အကြီးကြီးကို ငါတို့ ကစားကွင်းထဲ ကို အဖေ က ထည့်ထားပေးသေးတယ်! ''

'' ရှောင်ရှု ၊ မင်းကို ဖေဖေ ပြောထားပြီးသားနော်။ အဲ့ထဲမှာ ဆို သေချာဂရုစိုက် ပါလို့။ ပတ်ဝန်းကျင် တစ်ခုလုံး ကို လျောက်ပတ် ပြေး မနေနဲ့ ။ တကယ်လို့ မင်းရဲ့ ခေါင်းကို ထပ်ပြီး ခိုက်မိလို့ ရှိရင် မင်းက ငိုနေအုံးမှာ ''

ကျန်းဂျင်က ဟန်ဆောင်ပြီး ဆူပူလိုက်တယ်။

ယွမ်ဇဲရှု ခမျာ သူ့ပြန်ပြောချင်တဲ့ စိတ်လေးကို ထိန်းကာ  အရှေ့ကို သာသာလေးပဲ တိုးလာပြီး သူ့ ဒုတိယ အကိုရဲ့ အရှေ့ကို လာကာ ပြောလိုက်တယ်။

'' ဒုတိယ အကို မင်း ငါနဲ့ အတူ လာပြီး ကစားပါလား။ သစ်သားမြင်းရုပ် ကြီးက တကယ့်ကို ပျော်စရာကောင်းတယ်ကွ! ''

ယွမ်ဇဲကျင်း က ကျန်းဂျင်ရဲ့ လက်မောင်းတွေ ကြားထဲမှာ ထိုင်နေပြီးတော့ သူ့ဖေဖေ နဲ့အတူတူ ကဗျာ အသစ်တစ်ပုဒ်ကို လေ့လာ သင်ကြား နေခဲ့တယ်။ သူ့ရဲ့ မျက်နှာကို ကြည့်ရတာ အတော်လေး မကျန်းမာ သလို ဖြူဖျော့ ဖြစ်နေပြီးတော့ နှုတ်ခမ်း တွေ ကလဲ သွေးရောင် ကင်းမဲ့ နေခဲ့တယ်။

ဒါပေမယ့် သူ့မျက်နှာလေး က ငြိမ်အေး နေကာ မျက်လုံးလေးတွေ ကလည်း ရှင်းသန့်နေပြီး အပြစ်ကင်းစင် ကာ ဘယ်လိုပဲ ကြည့်ပါစေ ငါးနှစ်အရွယ် ကလေး တစ်ယောက်လို့တောင် မထင်ရပါချေ။

သူက ယွမ်ဇဲရှုကို ချစ်ခင် နှစ်လိုစွာနဲ့ ပြုံးပြကာ ပြောလိုက်တယ်။

'' တတိယ ညီလေးပဲ အရင်ဆုံး သွားကစား နေလိုက်ပါလားကွယ်။ အကို ဒီကဗျာကို လေ့လာပြီးတာနဲ့ မင်းကို လာရှာပါ့မယ် ''

ယွမ်ဇဲရှု ကတော့ စိတ်မကျေမနပ် ဖြစ်စွာနဲ့ပဲ နှုတ်ခမ်းကြီးကို ​ဆူထားလေတယ်။

သူ့ရဲ့ အမူအရာကို တွေ့တော့ ကျန်းဂျင်က မနေနိုင်တော့ပဲ ခေါင်းကို လှမ်းခေါက် လိုက်တော့တယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now