(23) လီမင်းယင်
အခုက ပစ္စည်းတွေ သွားပို့ပေး ရတော့မယ့် အချိန်ပဲ ဖြစ်လေတယ်။ ဘာလို့လဲ ဆိုတော့ ' ရှောင်းဇီယန် ' က လူတစ်ယောက်မှ ပစ္စည်းတွေကို လာမယူတဲ့ အတွက်ကြောင့် ယွမ်ဟောင် ကသာ တောင်ပေါ်ကနေ ဆင်းပြီး မြို့ပေါ်ကို သွားပို့ပေးရတော့ မှာပဲ ဖြစ်လေတယ်။
'' လာလေ။ ဂရုစိုက်အုံး ''
ယွမ်ဟောင်က ကျန်းဂျင် ကို နွားလှည်းပေါ် သေချာတင်ပေးလိုက်တယ်။
ကျန်းဂျင် တစ်ယောက် မသက်မသာ ဖြစ်မှာစိုးရိမ်တဲ့ အတွက်ကြောင့် သူက နွားလှည်းပေါ်ကို သန့်ရှင်းရေးလည်း လုပ်ခဲ့ပါသေးတယ်။ သူက နွားလှည်းကို ပိုကျယ်အောင် လုပ်ခဲ့ရုံသာ မက ပြုပြင်မှုတွေ ပြန်လုပ်ခဲ့ပါသေးတယ်။
သူက နွားလှည်း ပေါ်မှာ သေချာ အလွှာတွေ အများကြီး ခင်းကျင်း ထားပြီးတော့ အပေါ်ကနေပြီးတော့လည်း ကောင်းမွန်တဲ့ သားရေတစ်တည်နဲ့ အုပ်ထားတာကြောင့် နွားလှည်းရဲ့ ချွန်ထက်တဲ့ အစွန်တွေကို လွယ်ကူစွာ ကာကွယ်နိုင်သွားတော့တယ်။
ဘောင်တန်းတွေ အကုန်လုံးကိုလည်း အချောပြန်ကိုင်ထားကာ ဖယောင်းတွေလည်း သုတ်ပေးထားသေးလေတယ်။
ဒါကြောင့် မလို့ လမ်းခရီးမှာ ခုန်ရင်တောင်မှပဲ ကျန်းဂျင်အဖို့ သက်တောင့် သက်သာနဲ့ အနာတရ မရပဲ လိုက်ပါ သွားလို့ ရပြီပဲ ဖြစ်လေတယ်။ဒီနေ့ ၂ ယောက်သား အတူတူ တောင်အောက် ဆင်းတယ် ဆိုတာက တကယ်တော့ အဓိက က ကျန်းဂျင်ကို သမားတော်ဆီ ယွမ်ဟောင်က ထပ်ပြချင်လို့ပဲ ဖြစ်လေတယ်။ အခုချိန်မှာ သူတို့ ဆေးခန်းကို ရောက်ခဲ့တာ တစ်လလောက် ကြာသွားပြီပဲ ဖြစ်လေတယ်။
ကျန်းဂျင် က အခုဆို မနက်ပိုင်း ပျို့အန်တာတွေ သက်သာလာကာ အစားစားချင်စိတ် ရှိလာလေတယ်။ ယွမ်ဟောင်က ထိုဟာကို တွေ့တိုင်း စိတ်ပိုသက်သာ လာတယ်။
ခါတိုင်း နည်းလိုပဲ။ သူတို့ ဆိုင်ထဲ ဝင်လာတာနဲ့ အထဲက အလုပ်သမားတွေက သူတို့ကို ပထမတစ်ခေါက် လိုမျိုး ကြိုဆိုပြီးတော့ လှည်းပေါ်က ပစ္စည်းတွေကို ချကြလေတယ်။
ВЫ ЧИТАЕТЕ
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Фэнтезиကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...