အပိုင်း (45.1)

5K 554 3
                                    

(45.1) အတိတ်ရဲ့ တစ်ဆစ်ချိုး ပြောင်းလဲမှု

ယွမ်ယွဲ့ ထွက်သွားပြီးကတည်းက တစ်နှစ်ပြည့်တဲ့ အထိ ထိုကိစ္စတွေက ဖြစ်ပွားနေခဲ့တယ်။ ထိုအချိန်အတော် အတွင်းမှာ ယွမ်ဟောင် နဲ့ သူ့ဖေဖေ တို့က ကောင်းတဲ့ အချိန်ပဲ ဖြစ်စေ ၊ ဆိုးတဲ့ အချိန်ပဲ ဖြစ်စေ အတူ​တူ တစ်ယောက် ကို တစ်ယောက် မှီခိုပြီးတော့ ဖြတ်သန်း ခဲ့ရလေတယ်။

အမှန်မှာတော့ ယွမ်ဟောင်က သူ့အဖေနဲ့ စရိုက်က အရမ်းတူနေတာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သဘောထားတွေ ကိုလည်း လွယ်ကူစွာ ပြောင်းလဲ လို့မရနိုင်ပါပေ။ ပြီးတော့ သူလက်ခံ ယုံကြည်ထားတဲ့ အရာကို လွယ်ကူစွာ မပြောင်းနိုင်တဲ့ သူမျိူးပဲ ဖြစ်လေတယ်။

ကျောင်းယွမ်က သေမတက် ပေါက်ကွဲ ပြီး သူ့ကို ရိုက်နှက်နေလည်း ကိစ္စမရှိပေ။ စကားတစ်ခွန်းတောင် မပြောခဲ့ပေ။ ပြီးတော့ အကူအညီ လည်း အော်ဟစ်ပြီးတော့ မတောင်း ခံခဲ့ပါပေ။
ပြီးတော့ ထိုမိသားစုရဲ့ တာဝန်တွေကို သူ့ရဲ့ ပုခုံး အသေးလေး ပေါ်မှာတင်ဆောင် ထား ခဲ့လေတယ်။

ယွမ်မိသားစုက တစ်ခါက ချမ်းသာတဲ့ မိသားစု ဖြစ်ခဲ့တယ်လေ။  တစ်ညထဲမှာပဲ ဆင်းရဲသွားပေမယ့် တစ်ချို့လူတွေက သေသွားတဲ့ ကုလားအုတ်က မြင်းထက်တော့ သာသေးတယ် လို့ တွေးခဲ့ကြတယ်လေ။

အခုတော့ ထိုမူရင်း မိသားစုထဲမှာ အသက် ၁၀နှစ် အရွယ်ရှိတဲ့ ကလေးလေး တစ်ယောက်နဲ့ ပိန်ပါးပြီးတော့ စိတ်ပိုင်းဆိုင်ရာ မူမမှန်တဲ့ အရွယ်ရောက်ပြီးသား လူတစ်ယောက်ပဲ ကျန်နေခဲ့တယ်လေ။ ဒါကြောင့် တစ်ချို့ ယုတ်မာတဲ့ အတွေးရှိသူတွေက သူတို့ရဲ့ ယုတ်မာတဲ့ အကြံတွေကို အကောင်အထည်ဖော်ဖို့ လုပ်ကြလေတယ်။

ယွမ်ကျားရွာမှာ အလုပ်အကိုင်မရှိ ကလေကဝ ကောင် ယွမ်တ ဆိုတဲ့သူ ဖြစ်ပြီးတော့ အမြဲတမ်း ဝေလေဝါးလား လုပ်နေသူပဲ ဖြစ်လေတယ်။ ထိုယွမ်မိသားစု အကြောင်းကို သူများတွေ ပြောနေတာ ကြားပြီးနောက် သူအားတဲ့ အချိန်တိုင်း တောင်ပေါ်ကို တက်ကာ ထိုစံအိမ်ကြီးကို ခိုးကြည့်ခဲ့လေတယ်။

တစ်နေ့မှာ အဲ့အိမ်ကြီးမှာ သူနေနိုင်ပြီးတော့ အတောမသတ်နိုင်တဲ့ ကြွယ်ဝမှုတွေ ပိုင်ရမယ်လို့ စိတ်ကူးယဥ်နေခဲ့တယ်လေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now