(54.2)
ယွမ်ဟောင် က အခန်းထဲကို ဝင်လာတဲ့ အချိန်မှာပဲ ထိုမြင်ကွင်း ကိုမြင်လိုက် ရပြီးတော့ သူ့ရဲ့ နှလုံးသားထဲမှာ အထူးနွေးထွေးတဲ့ ခံစားချက်လေး စီးဝင် သွားလေတယ်။
တစ်ခဏလောက် ထိုသားဖ ကို ဆော့ခွင့် ပေးထား ပြီးတဲ့နောက် ယွမ်ဟောင်က ကျန်းဂျင် လက်ထဲက ပလုတ်တုတ် လေးကို ပြန်သိမ်း ယူလိုက် ကာ ဘေးနားမှာ တင်လိုက်ပြီးတော့ ပြောလိုက်တယ်။
'' အခုက အိပ်ယာဝင် ရတော့မယ့် အချိန်ပဲ။ မနက်ဖြန် ကျရင်လည်း မြို့ကို စောစော သွားရအုံးမယ်လေ''
ယွမ်ဟောင် က ကျန်းဂျင် အတွက် အထူး သတိပေးလိုက် တာပဲ ဖြစ်လေတယ်။ ကလေး ပုတ်ခက် လေးကို သစ်သားဘောင် တွေခတ်ထားပြီးတော့ ပြုတ်မကျစေဖို့ ကာကွယ်ထားတာ ဖြစ်ပြီးတော့ ဘေးဘက်တွေကို လှိမ့် သွားလို့လဲ ရလေတယ်။ ထို့အပြင် အောက်ခြေမှာ ဘီး လေးလုံး ပါ တပ်ထားတဲ့ အတွက်ကြောင့် တွန်းလို့လဲ ရလေတယ်။
'' မင်း အရင်ဆုံး အိပ်လိုက်နော်။ ဇဲရွှမ်းလေး အိပ်ပြီဆိုတာနဲ့ ကိုယ်လာခဲ့မယ်''
ယွမ်ဟောင်က ကျန်းဂျင်ကို ပြောလိုက်လေတယ်။
'' ကောင်းပြီ ''
ကျန်းဂျင်က အိပ်ယာပေါ်ကို လဲလိုက်ပေမယ့် မျက်လုံးတွေကို မမှိတ်ခဲ့ပေ။ အဲ့အစား ဘေးဘက်ကို လှည့်ကာ မသိလိုက်ပါပဲနဲ့ နူးညံနေတဲ့ ယွမ်ဟောင်ရဲ့ မျက်နှာကို စိုက်ကြည့် နေခဲ့တယ်။
ပြီးတော့ ပုခတ်လေးကို ငြင်သာစွာ လွဲပေးနေခဲ့တယ်။ ဒါပေမယ့် ကလေးလေး ကတော့ အိပ်ဖို့ကို ငြင်းဆန်နေဆဲ ပါပဲ။
ကြည့်နေရင်းနဲ့ မသိလိုက်ပါပဲ သူအိပ်ပျော် သွားခဲ့တော့တယ်။ မရေမတွက်နိုင် လောက်တဲ့ အထိ ကြာပြီးတော့ မှ သူက ရင်းနှီး ကျွမ်းဝင်နေ တဲ့ ပွေ့ဖက်မှု ထဲကိုရောက် သွားပြီးတော့ သူကလည်း မျက်လုံးတောင် မဖွင့်နိုင်တော့ပဲ ထို ပွေ့ဖက်မှုထဲ နက်နက်ရှိုင်းရှိုင်း ပိုလို့တောင် တိုးဝင် သွားလေတယ်။ နောက်တော့ သူဘာမှ မသိတော့ပဲ လုံးဝကို အိပ်မော ကျသွားတော့တယ်...... ။
နောက်တစ်နေ့ မှာတော့ မနက်စာ စားဖို့ ယွမ်ကျယ်က ပင်မအိမ်တော့ဆီ လာခေါ်တဲ့ အချိန်မှာ ယွမ်ဟောင်နဲ့ ကျန်းဂျင်တို့က အခုမှ နိုးရုံလေးပဲ ရှိနေသေးလေတယ်။
YOU ARE READING
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Fantasyကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...