အပိုင်း (12)

14.3K 1.5K 31
                                    

(12) အစာသိုလှောင်ခြင်း

ထိုလူ ၂ ယောက်ရဲ့ ပြောင်းလဲ ပြုပြင်ခြင်းကို ခံလိုက်ရတဲ့ အချိန်မှာတော့ ဂူက အတော်လေးကို ပြောင်းလဲ သွားလေတယ်။

ဂူ အတွင်းပိုင်းရဲ့ ပုံစံက ပန်းပွင့်တစ်ခု လိုမျိုး ဖြစ်နေပြီးတော့ ဘေးသုံး ခုက သစ်ရွက်လိုမျိုး ဖြစ်နေကာ အလယ်မှာတော့ ဥအိမ်လိုမျိုး လုံးဝန်းတဲ့ အခန်းကျယ်ကြီး ရှိနေလေတယ်။ ဒါကြောင့် ရွက်လွှာ သုံးပွင့်ရှိတဲ့ ပန်းပွင့်နဲ့ တူနေတာပေါ့လေ။

ထို သေးငယ်တဲ့ အခန်းလေးတွေ ထဲက ၂ ခုကို အိပ်ခန်းတွေ အဖြစ် အသုံးပြုလို့ရပြီးတော့ တစ်ခန်းကိုကျတော့ အခြောက်ခံထားတဲ့ အသားတွေ သိုလှောင်ထားလို့ ရလေတယ်။ အလယ်က အကြီးဆုံး အခန်းကိုတော့ ဟောခန်းမ အဖြစ် အသုံးပြုခဲ့တယ်လေ။

ကျန်းဂျင်က ဂူရဲ့ အတွင်းရော အပြင်ပါ သန့်ရှင်းရေး လုပ်ခဲ့လေတယ်။ ဂူထဲကို အရင်ဆုံး မြက်ခြောက်တွေ ခင်းကာ ထိုအပေါ်ကမှ သားရေကို ထပ်ခင်းလိုက်လေတော့ နေထိုင်ရတာ အလွန့်ကို ကောင်းမွန် နူးညံ့ပြီး သက်တောင့် သက်သာ ရှိနေလေတယ်။ ကံကောင်းစွာနဲ့ ယွမ်ဟောင်မှာ အစားအစာ သိုလှောင်ထားတာ အများကြီးမရှိပေမယ့် သားရေအခင်းတွေ ကတော့ အများကြီး ရှိနေလေတယ်။

၂ ယောက်စလုံးရဲ့ အိပ်ယာကို အခန်းအသေးလေး ထဲကို ထည့်လိုက်ကြလေတယ်။ ကျန်းဂျင်က မတူညီတဲ့ ကောင်းမွန်တဲ့ သစ်သားတွေကို စုဆောင်းကာ ' အိပ်ခန်း ' ကို အလှဆင်ဖို့ရာ ပုံစံတွေ အများကြီး အမျိုးမျိုး လှီးဖြတ်ခဲ့ လေတယ်။

ထိုကဲ့သို့ ကောင်းမွန်စွာ စီစဥ်ပြီးတဲ့ နောက်မှာ အခန်းလေးက ရိုးရှင်း သဘာဝဆန်ပြီး နှစ်လိုဖွယ် အသွင်အပြင်လေး ထွက်ပေါ်လာလေတယ်။

ယွမ်ဟောင်ကလည်း သစ်ပင်တစ်ချို့ကို ခုတ်ချပြီးတော့ ဂူရဲ့ ဝင်ပေါက်တံခါး လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြီးတော့ သေးငယ်တဲ့ ခုံလေးနဲ့ စားပွဲလေး တစ်လုံးကို ဂူထဲမှာ ကောင်းစွာ လုပ်ထားနိုင်ပြီးတော့ ပိုနေတဲ့ သစ်သားတွေနဲ့ ဒန်းစင်တစ်ခု တောင် လုပ်ခဲ့သေးတယ်လေ။

ထိုဒန်းစင်လေးက ပေါင် ၅၀ အလေးချိန်သာ ခံနိုင်ပေမယ့် အဲ့တာလေးက ကြည့်ရတာကို အတော်လေး ကောင်းလေတယ်။ ဒါပေမယ့် အဲ့လို ချို့ယွင်းချက် ရှိပေမယ့် ထိုဟာလေးကို ကျန်းဂျင် သဘောကျ မိသွားတာကို အ​နှောင့်အယှက် မဖြစ်ပါပေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now