(56. 1) ဆောင်းရာသီ
ယွမ်ဟောင် က နောက်တစ်ရက်မှာတော့ အာရုံမတက်ခင်အမှီ နိုးလာခဲ့လေတယ်။
အဲ့အချိန်မှာ ကျန်းဂျင်က အိပ်နေဆဲပဲ ရှိသေးတယ်။ သူက ကျန်းဂျင် ရဲ့ နှုတ်ခမ်းထောင့်လေး ကို အသာအယာလေး နမ်းကာ ပုခတ်ထဲက ဇဲရွှမ်းလေးကို တစ်ချက်ကြည့် ပြီးတော့မှ သူက တံခါးအပြင်ဘက်ကို တိတ်တိတ်လေး ထွက်သွားကာ ညင်သာစွာနဲ့ တံခါးပိတ်လိုက်လေတယ်။
သူက ခြံဝင်းထဲကို လာတဲ့အချိန်မှာ ယွမ်ဟောင်က ခါတိုင်းလိုမျိုး လေ့ကျင့်နေခဲ့တယ်။ ဒါက သူ့ရဲ့ အကျင့်ပါပဲ။ သူဘယ်လောက်ပဲ အလုပ်တွေ ရှုပ်နေပါစေ သူက ဘယ်တော့မှ လေ့ကျင့်တာကို မရပ်နားခဲ့ပေ။
လေ့ကျင့်ခန်း တစ်ဝက်မှာ ယွမ်ပေါ် ကလည်း နိုးလာခဲ့လေတယ်။ သူက အိပ်ချင်မူးတူးနဲ့ မျက်လုံးကို တစ်ခဏ ပွတ်ကာ ယွမ်ဟောင်ကို နှုတ်ဆက်လိုက် ပြီးတော့ အလုပ်အတွက် စတင် ပြင်ဆင်တော့လေတယ်။
မနေ့က ဆိုင်ထဲမှာ ရှိတဲ့ ဝိုင်တွေ အကုန်လုံးက ရောင်းထွက် သွားပြီလေ။ သူတို့က ရှိသမျှ ဝိုင်တွေကို ထုတ်ပိုးကာ သူတို့တက်နိုင်သမျှ ဆိုင်ကို မြန်မြန် ပို့မှ ဖြစ်မယ်လေ။ သိပ်မကြာခင် အချိန်မှာတော့ ကျန်းဂျင်နဲ့ ကလေး ၂ယောက်က လွဲရင် အကုန်လုံးက နိုးနေကြပြီပဲ ဖြစ်လေတယ်။
ယွမ်ကျန်းနဲ့ ယွမ်ကျင်း တို့က ဝိုင်တွေကို ထုတ်ပိုးပြီးတော့ လှည်းပေါ်ကို တင်ပေးကြတယ်။ ယွမ်ကျယ်နဲ့ ယွမ်ဟွား က ဘာမှ လုပ်စရာ မရှိတဲ့ အတွက်ကြောင့် အတူတူပဲ မနက်စာချက် ဖို့ပြင်လိုက်ကြလေတယ်။
ရက်အတော်ကြာ အတူနေထိုင် လာတဲ့ နောက်မှာတော့ ယွမ်ကျယ်နဲ့ ယွမ်ဟွားတို့က အချင်းချင်း နားလည်မှု ပိုတိုးလာကာ တစ်ယောက် က ဘာလုပ်ချင်နေသလဲ ဆိုတာကို သိလာကြတယ်လေ။
ယွမ်ကျယ်က ယွမ်ဟွား နဲ့အတူတူ ရှိရတာ အတော်လေးကို စိတ်ကျေနပ်လေတယ်။ သူက ဉာဏ်ကောင်းပြီးတော့ စကားတွေ အများကြီး မပြောပေ။ သူက အနည်းငယ်လောက် ထိုင်းမှိုင်း နေပေမယ့် ရိုးစင်းပြီးတော့ အပြစ်ကင်းလေးတယ်။ ဒါကြောင့် ယွမ်ကျယ် က ယွမ်ဟွားနဲ့ အလုပ်အတူလုပ်ရတာ ကို အရမ်းပျော်ရွှင်လေတယ်။
YOU ARE READING
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Fantasyကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...