(17) အိမ် အသစ်ပြန် ဆောက်ခြင်း
နွေဦးရာသီ ပြန်ရောက်ချိန်မှာ ကျန်းဂျင်နဲ့ ယွမ်ဟောင်တို့က ဂူထဲကနေ ထွက်လာကာ သူတို့ရဲ့ မူရင်းအိမ်လေးဆီကို ပြန်သွားခဲ့တယ်လေ။
ဆောင်းတွင်း တစ်တွင်းလုံး ဖြတ်သန်း ခဲ့ရတဲ့ အတွက်ကြောင့် အိမ်လေးက နှင်းဒဏ်ကို ပိုခံစားရပြီး အရင်ကထက်တောင်မှ ပိုဆိုးနေခဲ့လေတယ်။
တံစက်မြိတ်တွေ အကုန်လုံး ပြိုကျသွားပြီးတော့ နံရံတွေ ချည်းပဲ ချန်ထားခဲ့လေတယ်။
နှစ်ယောက်လုံးက အိမ်ကို လှည့်ပတ်ကြည့် ပြီးတဲ့နောက် ဆုံးမှာတော့ ဝင်ပေါက်နားမှာ ရပ်တန့်သွားခဲ့လေတယ်။
'' ဒီအိမ်က ငါ့အဖိုးရဲ့ အဖိုး ချန်ထားခဲ့တာပဲ။ ငါ့အဖိုးပြောခဲ့တာကို ငါပြန်မှတ်မိသေးတယ်။ ဒီအိမ်ကို ပထမဆုံး ဆောက်တဲ့ အချိန်တုံးက ဒီအိမ်က ဒီတစ်နယ်မြေ လုံးမှာ အခမ်းနားဆုံး ပဲတဲ့လေ။ ပြီးတော့ ဒီအိမ်ရဲ့ နောက်မှာ အစေခံတွေ နေဖို့ဆိုပြီးတော့ တဲလေးတွေ အတန်းလိုက်ဆောက် ပေးထားသေးတယ်တဲ့လေ။ သူတို့ ဆီမှာ များပြားလှတဲ့ အိပ်ခန်းနဲ့ ဧည့်သည်ခန်းတွေလည်း ရှိခဲ့တယ်တဲ့လေ ''
( ရူးရူးတို့က မျိုးနဲ့ရိုးနဲ့နော် သွားရှုပ်လို့မရဘူး)
ယွမ်ဟောင်က ကျန်နေခဲ့တဲ့ နံရံတွေကို ထိတွေ့လိုက်တယ်။
'' အဲ့အချိန်တုံးက ငါ့အဖိုးရဲ့ အဖိုးက ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတဲ့ မြေပိုင်ရှင် သူဌေးလေ။ ဒါပေမယ့် အရာရာတိုင်းက နောက်ပိုင်းမှာ ပြောင်းလဲ သွားတယ်။ ပြီးတော့ အဲ့တာတွေက ငါ့အဖိုး လက်ထက်မှာ ပျောက်ဆုံး သွားလေတယ်။ ဒီအိမ်တစ်ခု ထည်းပဲ ကျန်နေခဲ့တဲ့ အရာ ဖြစ်ပြီးတော့ အဲ့တာက ငါ့လက်ထဲကို ရောက်လာခဲ့တယ်လေ။ ''
ကျန်းဂျင်က ယွမ်ဟောင်ရဲ့ ဇာတ်ကြောင်းကို နားထောင်ပြီးတော့ သူ့ရဲ့ စိတ်ထဲမှာ ချမ်းသာ ကြွယ်ဝတဲ့ မြင့်မြတ်တဲ့ မိသားစု ဟန်ပန်တွေက သူ့စိတ်ထဲမှာ ပေါ်လာလေတယ်။ ပြီးတော့ သူတို့ရဲ့ အရာရာတိုင်းက ဆုံးရှုံးမှုနဲ့ ကြုံလာခဲ့ရတယ်။ သူဟာ သက်ပြင်းမချပဲ မနေနိုင်ပါပေ။ ပြီးတော့ ပစ္စည်းတွေရဲ့ မမြဲခြင်း သဘောတရားကိုပါ ပိုနားလည်လာတယ်။
YOU ARE READING
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Fantasyကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...